၆ လက်မ display နဲ့ ကျောဘက်ကင်မရာနှစ်ခုပါဝင်တဲ့ ZTE Blade Z Max

ပြီးခဲ့တဲ့အပတ်က GFXBench ပေါ်မှာထွက်ပေါ်လာခဲ့တဲ့ ZTE Z982 device ဟာ အခုအခါ ZTE Blade Z Max အမည်နဲ့ တရားဝင်ထွက်ရှိ လာပါတယ်။ Blade X Max ကို အဆင့်မြှင့်ထားတဲ့ ZTE Blade Z Max ရဲ့ကျောဘက်မှာ ကင်မရာနှစ်ခု ပါဝင်ပါတယ်။ Display အရွယ်အစားက ၆ လက်မဖြစ်ပြီး full HD resolution နဲ့ အသုံးပြုနိုင်ပါတယ်။

Snapdragon 435 chipset, 2GB RAM နဲ့ 32GB storage တို့ကို အသုံးပြုထားပြီး microSD slot ကနေတစ်ဆင့် 128GB အထိ သိုလှောင်မှုပမာဏ တိုးမြှင့်နိုင်ပါတယ်။ ကျောဘက်ကင်မရာနှစ်ခုက 16MP + 2MP ဖြစ်ပြီး bokeh effect အပြင် time-lapse, panorama mode နဲ့ manual mode လိုမျိုး feature တွေကိုလည်း ထောက်ပံ့ပေးထားပါတယ်။ အရှေ့ဘက်ကင်မရာက 8MP ဖြစ်ပြီး beauty mode နဲ့ ရိုက်နိုင် ပါတယ်။

Fingerprint scanner ကို ကျောဘက်မှာ ထည့်သွင်းပေးထားပါတယ်။ ဘက်ထရီက 4,080mAh ဖြစ်ပြီး USB-C connector ကနေတစ်ဆင့် အားသွင်းနိုင်ပါတယ်။ ဒီစမတ်ဖုန်းကို ပြီးခဲ့တဲ့နှစ်က ဖြန့်ချိခဲ့တဲ့ ZTE Zmax Pro နေရာမှာ အစားထိုးသွားမှာ ဖြစ်ပါတယ်။ တန်ဖိုးက ၁၂၉ ဒေါ်လာ ဖြစ်ပြီး သြဂုတ်လ ၂၆ ရက်က စတင်ကာ MetroPCS ကနေတစ်ဆင့် တင်ပို့သွားမယ်လို့ သိရပါတယ်။

-နောင်နောင်
Ref: GSMArena