Xiaomi က 200W Fast Charging ပါတဲ့ စမတ်ဖုန်းတွေကို နောက်နှစ်မှာ ရောင်းမည်

Xiaomi က ဇူလိုင်လမှာ 67W Fast Charging ပါတဲ့ Xiaomi 12S Ultra ကို ရောင်းချခဲ့ပါတယ်။ အဲဒီထက် ပိုကောင်းတဲ့ 120W Fast Charging ကို စွမ်းရည်သင့် Redmi Note 11T Pro Series မှာ ထည့်သွင်းပေးထားပါတယ်။

အခုတော့ Xiaomi ဟာ နောက်နှစ်မှာ 100W Fast Charging ပါတဲ့ စမတ်ဖုန်းတွေကို ထုတ်လုပ်ရောင်းချမယ်လို့ သတင်းထွက်လာပါတယ်။ ဒီထက် ပိုကောင်းတာက 200W Fast Charging ပါတဲ့ စမတ်ဖုန်းတွေလည်း ပါလာမှာ ဖြစ်ပါတယ်။

ဒီနှစ် ဇူလိုင်လမှာ ထွက်ခဲ့တဲ့ သတင်းအရ Xiaomi 13 Series မှာ 2K Resolution 120Hz Refresh Rate Curved Screen ကို အသုံးပြုထားမယ်လို့ သိရပါတယ်။ 100W Fast Charging ပါတဲ့ အရွယ်အစား ကြီးမားတဲ့ ဘက်ထရီကို အသုံးပြုထားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် Xiaomi 13 Series မှာ 50W Wireless Charging ထောက်ပံ့ထားမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ လက Xiaomi ရဲ့ ထုတ်ကုန်တွေဟာ တရုတ်က 3C မှာ မှတ်ပုံတင်ထားပါတယ်။ အဲဒီ မော်ဒယ်တွေထဲမှာ210W Charger လည်း ပါလာတဲ့အတွက် Xiaomi က နောက်နှစ်မှာ 200W Fast Charging ပါတဲ့ စမတ်ဖုန်းကို ထုတ်လုပ်ရောင်းချမယ်ဆိုတာ ဖြစ်နိုင်ခြေရှိပါတယ်။

Ref : gizchina / digitaltimes