UEFA တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆု နောက်ဆုံး ဆန်ခါတင် ၃ ဦး စာရင်း ထုတ်ပြန်

 

၂၀၁၆-၂၀၁၇ ဘောလုံးရာသီ အတွက် UEFA တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆု နောက်ဆုံး ဆန်ခါတင် ၃ ဦး စာရင်း ထုတ်ပြန်လိုက်ပြီ ဖြစ်ပါတယ်။

နောက်ဆုံး ဆန်ခါတင် အဆင့်မှာ ပါဝင်လာ သူတွေကတော့ ဘာစီလိုနာ အသင်း တိုက်စစ်မှူး မက်ဆီ၊ ဂျူဗင်တပ် အသင်း ဂိုးသမား ဘူဖွန်နဲ့ ရီးရဲလ်မက်ဒရစ် အသင်း တိုက်စစ်မှူး စီရော်နယ်ဒိုတို့ ဖြစ်ပါတယ်။

အဆိုပါ ဆုချီးမြှင့်မှုကို ယခုလ ၂၄ ရက်နေ့ မိုနာကိုမြို့မှာ ကျင်းပမယ့် ၂၀၁၇-၂၀၁၈ ချန်ပီယံလိဂ် အုပ်စုအဆင့် မဲခွဲ အခမ်းအနားနှင့် တကွ ကြေငြာမှာ ဖြစ်ကြောင်း သိရပါတယ်။

နောက်ဆုံး ဆန်ခါတင် အဆင့် အတွက်ကို ပြီးခဲ့တဲ့ ရာသီက ချန်ပီယံလိဂ်နှင့် ယူရိုပါလိဂ် အုပ်စု အဆင့်တွေမှာ ပါဝင်ခဲ့တဲ့ ကလပ်အသင်း အသီးသီးက နည်းပြ စုစုပေါင်း ၈၀ ဦးနဲ့ ဥရောပ အားကစား မီဒီယာ အုပ်စု ESM မှ ဂျာနယ်လစ် ၅၅ ဦး အပြင် သက်ဆိုင်ရာ အဖွဲ့ဝင်များမှ မဲပေးရွေးချယ်တာ ဖြစ်ပါတယ်။

-Ref; Sky sports