DEX DOCK ကိုသုံးပြီး SAMSUNG GALAXY S8 ကို ကွန်ပျူတာတစ်လုံး အနေဖြင့် ပြောင်းလဲအသုံးပြုနိုင်

Samsung Galaxy S8 ကို Samsung Desktop Experience (Dex) dock accessory သစ်နဲ့ ချိတ်ဆက် ပြီး ကွန်ပျူတာ တစ်လုံးအနေနဲ့ ပြောင်းလဲ အသုံးပြုနိုင်မယ်လို့ သိရပါတယ်။ အဲ့ဒီ dock ကို HDMI ကနေ တစ်ဆင့် မော်နီတာတစ်ခုနဲ့ ချိတ်ဆက်နိုင်ပြီး keyboard, mouse နဲ့ USB port နှစ်ခု ထောက်ပံ့ပေးထား ပါတယ်။ ဒါ့အပြင် မော်နီတာနဲ့ ချိတ်ဆက်ပြီးသုံးတဲ့အခါ Galaxy S8 ကို အေးမြနေစေဖို့အတွက် Samsung dock မှာ အထူးပြုလုပ်ထားတဲ့ cooling fan တစ်ခု ထည့်သွင်းပေးထားပါတယ်။

 

Samsung ရဲ့ desktop mode မှာတော့ app drawer တစ်ခုကို ဘေးဘက်မှာ တွေ့မြင်ရပါမယ်။ Android app တွေကို notification တွေနဲ့အတူ ထောက်ပံ့ပေးနိုင်ပြီး window ရဲ့ အရွယ်အစားတွေကိုလည်း ပြောင်းလဲ နိုင်ပါတယ်။ Interface တစ်ခုလုံးက Chrome OS နဲ့ အနည်းငယ်ဆင်တူပေမယ့် full desktop browser မပါဝင်ပါဘူး။

ဒါကြောင့် Android app တွေကို အရွယ်ကြီးမားတဲ့ screen တွေပေါ်မှာ အသုံးပြုတဲ့အခါ အကန့်အသတ် ရှိပါတယ်။ Samsung ရဲ့ ကိုယ်ပိုင် browser, Microsoft Office app တွေနဲ့ Adobe ရဲ့ mobile creative suite ကိုတော့ အဆင်ပြေပြေ သုံးနိုင်တယ်လို့ ဆိုပါတယ်။ ဈေးနှုန်းနဲ့ ရောင်းချမယ့် အချိန်ကိုတော့ မသိရ သေးပါဘူး။