အမရပူရမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရပ်/ကျေးအဆင့် နှုတ်မှုစွမ်းရည် ပြိုင်ပွဲကျင်းပ

 

အမရပူရမြို့နယ် ပြည်ခိုင်ဖြိုး ပါတီမှ ကြီးမှူးကျင်းပသော ရပ်/ ကျေး အဆင့်ပါတီဝင်များ၏ နှုတ်မှုစွမ်းရည်ပြိုင်ပွဲအား ယနေ့နံနက် ၉ နာရီ ၁၅ မိနစ်က မြို့နယ်ပါတီရုံး ခန်းမတွင် ကျင်းပ ခဲ့သည်။

ပြိုင်ပွဲအခမ်းအနားကိုနိုင်ငံတော် သီချင်းသံပြိုင်သီဆိုဖွင့်လှစ်ခဲ့ကာ မန္တလေးခရိုင်တွဲဖက်နယ်မြေတာဝန်ခံ တိုင်းဒေသကြီးပါတီ ကော်မတီဝင် ဦးအောင်နိုင်ဦးက အဖွင့်အမှာစကား ပြောကြားပြီးနောက် အမရပူရ မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသိန်းထွန်းဦးက ပြိုင်ပွဲကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ကာ ရပ်/ကျေးအဆင့်ပါတီဝင်များ၏ နှုတ်မှု စွမ်းရည်ပြိုင်ပွဲအား အစီအစဉ်များ အတိုင်းဆက်လက် ကျင်းပခဲ့ သည်။

နှုတ်မှုစွမ်းရည်ပြိုင်ပွဲသို့မန္တလေး ခရိုင်နယ်မြေတာဝန်ခံ တိုင်းဒေသကြီး ပါတီကော်မတီဝင် ဦးမျိုးမြင့်၊ တိုင်းဒေသကြီး ပါတီကော်မတီဝင်များ ဖြစ်ကြသည့် ဦးအောင်နိုင်ဦးနှင့် ဦးကျော်စန်း၊ မန္တလေးခရိုင် ပါတီဥက္ကဋ္ဌ ဦးဘိုသင်းနှင့်ခရိုင်ပါတီ ကော်မတီဝင်များ၊ အမရပူရမြို့နယ် ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌဦးသိန်းထွန်း ဦးနှင့်မြို့နယ်ပါတီကော်မတီဝင်များ၊ အကဲဖြတ် ဒိုင်လူကြီးများ၊ ပြိုင်ပွဲသို့ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ရပ်/ကျေး ပါတီဝင်များ တက်ရောက်ကြသည်။

သုတ