ရန်ကုန်တိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီ ပညာသင် ထောက်ပံ့ကြေး ပေးအပ်

 

ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီသည်တတိယအကြိမ်ပါတီဝင် မိသားစုများ၏ တက္ကသိုလ်ပညာတက်ရောက်သင်ကြားနေသည့် ကျောင်းသား ကျောင်းသူ၁၇ ဦးတို့အား လေးလ တစ်ကြိမ်ပညာသင်ထောက်ပံ့ ကြေးပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁ဝနာရီခွဲက ရန်ကုန်တိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီရုံးတွင်ကျင်းပခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးပါတီ ဥက္ကဋ္ဌ ဦးခင်မောင်စိုး၊ တိုင်းဒေသကြီးပါတီကော်မတီဝင်ဦးတင်အောင်၊ ဒေါ်စန်းစန်းဝင်းနှင့်တိုင်းဒေသကြီးအရန်ကော်မတီဝင်ဒေါက်တာမြင့်သိန်း၊ ပညာသင်ထောက်ပံ့ကြေးရရှိထားသည့် ကျောင်းသားကျောင်းသူ ၁၇ ဦး နှင့် ကျောင်းသားမိဘများတက်ရောက်ကြသည်။

အစီအစဉ်အရ ရန်ကုန်တိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌဦးခင်မောင်စိုး က အမှာစကားပြောကြားသည်။ ထို့နောက် တိုင်းဒေသကြီးအရန် ကော်မတီဝင် ဒေါက်တာမြင့်သိန်းက ပညာသင်စရိတ်ပေးအပ်ခြင်းနှင့်ပတ် သက်၍ရှင်းလင်းပြောကြားပြီး တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌဦးခင်မောင်စိုး နှင့်တာဝန်ရှိသူများက ပညာသင်ထောက်ပံ့ကြေးများပေးအပ်ခဲ့ကြကြောင်း သိရသည်။

ထိန်ဝင်း(YGN)