ပုသိမ်ကြီးမြို့နယ်နှင့် အောင်မြေသာစံမြို့နယ်တို့မှ ပါတီဝင်အသစ်များ၏ ပါတီဝင်အဆိုပြုလွှာပေးအပ်ပွဲ အခမ်းအနား ကျင်းပ

 

ဖေ​ဖော်​ဝါရီ(၁၃)၊
မန္တ​လေးတို​င်း​ဒေသကြီး၊ မန္တ​လေးခရိုင်​၊ ပုသိမ်​ကြီးမြို့နယ်​နှင့်​​ အောင်​​မြေသာစံမြို့နယ်​တို့မှ ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီသို့ ဝင်​​ရောက်​လာ​သော ပါတီဝင်​အသစ်​များ၏ ပါတီဝင်​အဆိုပြုလွှာ​ ပေးအပ်​ပွဲ အခမ်းအနား ကို ယ​မန်နေ့ နံနက် ​၉ နာရီ ၃၀ မိနစ်​မှ ၁၁ နာရီ ၃၀ မိနစ်​အထိ ပုသိမ်​ကြီးမြို့နယ်​ ပါတီရုံးတွင်​ ကျင်းပခဲ့သည်​။

အခမ်းအနားကို နိုင်​ငံ​တော်​အလံအားအ​လေးပြု၍ နိုင်​ငံ​တော်​သီချင်း သံပြိုင်​သီဆိုဖွင့်​လှစ်​ပြီး​နောက်​ ပြည်​ခိုင်​ဖြိုး ပါတီဗဟိုအလုပ်​အမှု​ဆောင်​များဖြစ်​ကြ​သော မန္တ​လေးတိုင်း​ဒေသကြီး နယ်​​မြေတာဝန်​ခံ ဦးဝဏ္ဏ​မောင်​လွင်​နှင့်​ မန္တလေးတိုင်း​ဒေသကြီး ပါတီဥက္ကဋ္ဌ ဦးဝင်း​မောင်​တို့မှ အဖွင့်​အမှာစကားများ အသီးသီး​ပြောကြား ခဲ့ကြသည်​။

ထို့​နောက်​ ပုသိမ်​ကြီးမြို့နယ်​နှင့်​​ အောင်​​မြေသာစံမြို့နယ်​တို့မှ ပါတီဝင်​အသစ်​များကိုယ်​စား ပါတီဝင်​အသစ်​နှစ်​ဦးမှ ပါတီဝင်​အဆိုပြုလွှာများအား မန္တ​လေးတိုင်း​ဒေသကြီး ပါတီဥက္ကဋ္ဌ ဦးဝင်း​မောင်​ထံသို့ အသီးသီး​ပေးအပ်​ ခဲ့ကြသည်​။

အခမ်းအနားသို့ ပြည်​ခိုင်​ဖြိုးပါတီ ဗဟိုအလုပ်​အမှု​ဆောင်​များဖြစ်​ကြ​သော မန္တ​လေးတိုင်း​ဒေသကြီး နယ်​​မြေတာဝန်​ခံ ဦးဝဏ္ဏ​မောင်​လွင်​၊ မန္တ​လေးတိုင်း​ဒေသကြီး ပါတီဥက္ကဋ္ဌ ဦးဝင်း​မောင်​၊ တိုင်း​ဒေသကြီးပါတီ​ ကော်​မတီဝင်​များ၊ မန္တလေးခရိုင်​ပါတီဥက္ကဋ္ဌ ဦးဘိုသင်း၊ ခရိုင်​ပါတီအတွင်း​ရေးမှူး​ ဒေါ်ဝါဝါလှိုင်​၊ ခရိုင်​ပါတီ​ကော်​မတီဝင်​များ၊ ပုသိမ်​ကြီး မြို့နယ်​ပါတီဥက္ကဋ္ဌ ဦး​ဆွေသန်း၊ မြို့နယ်​ပါတီအတွင်း​ရေးမှူး ဦးကိုကိုလွင်​၊ မြို့နယ်​ပါတီ​ကော်​မတီဝင်​များ၊ ခရိုင်​အတွင်းရှိ မြို့နယ်​များမှ ပါတီဥက္ကဋ္ဌများ၊ ပါတီအတွင်း​ရေးမှူးများ၊ ရပ်​ကွက်​နှင့်​​ကျေးရွာများမှ ပါတီဥက္ကဋ္ဌများ၊ ပါတီဝင်​များ၊ ပါတီဝင်​အသစ်​များ တက်​​ရောက်​ခဲ့ကြ​ကြောင်း သိရသည်​။ ယ​နေ့ကျင်းပ​သော အခမ်းအနားတွင်​ ပုသိမ်​မြို့နယ်​ပါတီသို့ ပါတီဝင်​အသစ်​ (၂၇၁) ဦးနှင့်​​ အောင်​​မြေသာစံမြို့နယ်​ပါတီသို့ ပါတီဝင်​အသစ်​ (၈၄) ဦး စုစု​ပေါင်းပါတီဝင်​အသစ်​ (၃၅၅) ဦးတို့သည်​ ပြည်​ခိုင်​ဖြိုးပါတီသို့ ဝင်​​ရောက်​လာခဲ့​ကြောင်း စုံစမ်းသိရှိရသည်​။ သုတ