လူငယ်ရေးရာလှုပ်ရှားမှု ဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်ပ

 

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကြီးမှူး၍ လူငယ်ရေးရာ လှုပ်ရှားမှု ကဏ္ဍအဖြစ် ဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကို ဒီးမော့ဆိုမြို့ ခရစ်ယာန်ရပ်ကွက်၊ နှစ်ခြင်းခရစ်ယာန်ကျောင်း တွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားသို့ ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်၊ ကယားပြည်နယ် ပါတီဥက္ကဌ ဦးပိုးရယ်အောင်သိန်းနှင့် ပြည်နယ်ကော်မတီဝင်များ၊ နှစ်ခြင်းခရစ်ယာန်ကျောင်းဆရာတော် ဦးစောလားဘွယ်ထူး၊ ဒီးမော့ဆိုမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်သက်ဝင်း၊ ဒီးမော့ဆိုမြို့နယ် အား/ကာမှူး၊ လွိုင်ကော် ခရိုင်၊ လွိုင်ကော်မြို့နယ်၊ ဒီးမော့ဆိုမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌနှင့် ကော်မတီဝင်များ၊ ပြိုင်ပွဲဝင် အားကစားသမားများ စုစုပေါင်းအင်အား(၇၀)ကျော် တက်ရောက်ခဲ့ကြသည်။

ဖွင့်ပွဲအခမ်းအနားတွင် ကယားပြည်နယ်ပါတီဥက္ကဌ ဦးပိုးရယ်အောင်သိန်း၊ ဒီးမော့ဆိုမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်သက်ဝင်းနှင့် မြို့နယ်ပြည်ခိုင်ဖြိုး ပါတီ ဥက္ကဌ ဒေါ်မေရီယန်တို့က အသီးသီးလမ်းညွှန်အမှာစကား ပြောကြား ခဲ့သည်။

ဒီးမော့ဆိုမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှကြီးမှူးကျင်းပသော ဘော်လီဘောပြိုင်ပွဲ တွင် စုစုပေါင်း အသင်း(၁၀)သင်း ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး အနိုင် ရရှိသော အသင်းအား ဆုအသီးသီး ပေးအပ်ချီးမြှင့်မည်ဖြစ်ကြောင်းနှင့် ပြိုင်ပွဲတွင် ပထမဆုရရှိသောအသင်းအား လာမည့် ၂၀၁၇ခုနှစ်၊ ဇန်န၀ါရီလတွင် ကျင်းပမည့် ကယားပြည်နယ်နေ့ အထိမ်းအမှတ်ပွဲတော်သို့ ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားပြုအသင်းအနေဖြင့် ထပ်မံဝင်ရောက်ယှဉ်ပြိုင်ခွင့် ရမည် ဖြစ်ကြောင်း သိရသည်။

#လမင်းချစ်သူ


Leave a Reply