ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဌ ဦးသန်းဌေး မွန်ပြည်နယ်အတွင်းရှိ ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ပါတီကော်မတီဝင်များနှင့် တွေ့ဆုံပွဲ တက်ရောက်

 

ဖေဖော်ဝါရီ ၁၃၊ မော်လမြိုင်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဌနှင့် အဖွဲ့ဝင်များသည် ယမန်နေ့ နေ့လည် (၂) နာရီက မွန်ပြည်နယ် ပြည်နယ်ပါတီရုံးခန်းမတွင် ပြည်နယ်၊ ခရိုင်၊ မြို့နယ်ပါတီကော်မတီဝင်များနှင့် တွေ့ဆုံခဲ့ရာ အခမ်း အနားကို နိုင်ငံတော်သီချင်း သီဆို၍ နိုင်ငံတော်အလံအား အလေးပြုကြပြီးနောက် (၂) ခရိုင် ( ၁၀) မြို့နယ်ပါတီ ဥက္ကဌများမှ ပါတီအတွင်း လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် သိရှိလိုသည်များကို ရှင်းလင်းတင်ပြ ခဲ့ကြပါသည်။ ထို့နောက် ခရိုင်ပါတီဥက္ကဌ၊ ပြည်နယ်ပါတီအတွင်းရေးမှူးနှင့် ပြည်နယ်ပါတီဥက္ကဌတို့မှ ပါတီအတွင်း လုပ်ငန်းဆောင်ရွက်ထားရှိမှုများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ကြပါသည်။

ထို့နောက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဌ ဦးသန်းဌေးမှ ပါတီ၏ ရှေ့ဆက်လက်၍ လုပ်ဆောင် ရမည့် လုပ်ငန်းကိစ္စရပ်များအား ဖြည့်စွက်လမ်းညွန်မှာကြား ခဲ့ကြောင်းသိရသည်။ အဆိုပါ အခမ်းအနားသို့ ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့်အတူ ပါတီဗဟိုအထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်း၊ ပါတီဗဟိုအလုပ် အမှုဆောင်များ ဖြစ်ကြသော ဦးလှထွန်း၊ မွန်ပြည်နယ် ပါတီဥက္ကဋ္ဌ ဦးအောင်ကြည်သိန်း၊ ပါတီဗဟိုအတိုင်ပင်ခံ ဦးဥာဏ်ထွန်းအောင်၊ ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်၊ ပြည်နယ်ပါတီကော်မတီဝင်များ၊ ခရိုင် ၂ ခုမှ ပါတီဥက္ကဌနှင့် ပါတီကော်မတီဝင်များ၊ မြို့နယ်ပါတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များ တက်ရောက်ခဲ့ကြပါသည်။