ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီး၏မဟာဗောဓိပင်တွင် ပုဇွန်တောင်ပြည်ခိုင်ဖြိုးညောင်ရေသွန်း

 

ရန်ကုန်တိုင်းဒေသကြီး ပုဇွန်တောင်မြို့နယ်(၇)ရပ်ကွက် ဦးရွှေဂွန်းလမ်းရှိ ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီး၏ ပရိဝုဏ် အတွင်းရှိ ပရိဘောဂစေတီတော်မြတ်ဖြစ်သည့် မဟာဗောဓိပင် တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပုဇွန်တောင် မြို့နယ် ကုသလဝါယာမဆွမ်းလောင်းအသင်းသည် ယမန်နေ့ နံနက် ၇ နာရီမှ ၈ နာရီအထိ ညောင်ရေသွန်းလောင်း လုပ်အား ဒါနကုသိုလ်ယူကြသည်။
ယင်း ကဆုန်ညောင်ရေသွန်းပွဲတော်သို့ ပုဇွန်တောင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူး ဦးမောင်မောင်မြင့်နှင့် မြို့နယ် ပါတီကော်မတီဝင်များ၊ ရပ်/စည်း ခေါင်းဆောင်များ၊ ပါတီဝင် စုစုပေါင်း ၂ဝ လုပ်အားဒါနကုသိုလ်ယူကြသည်။ ဘုရားဖူးလာ ဓမ္မမိတ်ဆွေ သူတော်ကောင်းအပေါင်းတို့ စိတ်ချမ်းမြေ့စွာဖြင့် ညောင်ရေသွန်းလောင်းပူဇော်နိုင်ရန်အတွက် ဘာသာရေးအဖွဲ့များ နှင့် လူမှုရေးအဖွဲ့ ၁၅ ဖွဲ့သည် အလှည့်ကျ နံနက် ၆ နာရီမှ ည ၉ နာရီအထိ လုပ်အားဒါနကုသိုလ်ယူကြကြောင်း သိရ သည်။

အေးအေးဝင်း(ပုဇွန်တောင်)