ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ ကဆုန်လပြည့်နေ့ ညောင်ရေသွန်းပူဇော် အချိုရည်ဘူးနှင့်ရေသန့်ဘူးများလှူဒါန်း

 

ရန်ကုန်တိုင်းဒေသကြီး ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ၏ ဦးဆောင်မှုဖြင့် ရန်ကုန် တိုင်းဒေသကြီး မြို့နယ်များမှ လူငယ်နှင့်အမျိုးသမီးရေးရာကော် မတီဝင်များသည် ယမန်နေ့က တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးမှ ဗဟို ကော်မတီဝင် ဒေါ်သင်းသင်းမိုးနှင့် ဒေါ်အေးမင်းမိုး ဦးဆောင်သည့် လူငယ်အဖွဲ့မှ ရွှေတိဂုံစေတီတော် အရှေ့ဘက်မုခ် အလယ်ပစ္စယာ တွင် တန်ဖိုးငွေကျပ် ၄၅ဝဝဝဝ တန်ဖိုးရှိ ရေသန့်ဘူးများကို ဘုရား ဖူး ပရိသတ်များအား လှူဒါန်းကြ သည်။ ပါတီဗဟိုကော်မတီဝင် ဒေါ်စန်းစန်းဝင်း ဦးဆောင်သည့် ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီးရေးရာ ကော်မတီဝင်များသည်မဟာဝိဇယ စေတီတော်မြတ်ကြီးတွင် ညောင် ရေသွန်းလောင်းခြင်း၊ ဝတ်ရွတ် ပူဇော်ခြင်း၊ ဘုရားဖူးလာ ပရိသတ် များကို စတုဒိသာ အချိုရည်ဘူး များ လှူဒါန်းခြင်းဖြင့် ကုသိုလ်ယူ ဆောင်ရွက်ခဲ့ကြကြောင်း သိရ သည်။

ထိန်ဝင်း(YGN)