နေပြည်တော်ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်၊ ညောင်ပင်ကြီးစု ရှေးဟောင်းစေတီတော်များ တည်ရှိရာ သိမ်ကျောင်းတွင် ကျင်ပ ပြုလုပ်သည့် ကဆုန်ညောင်ရေသွန်းပွဲ၊ သံဃာတော် အပါး (၅၀၀) ဆွမ်းဆန်စိမ်းလောင်းလှူပွဲ၊ ဘုရားပလ္လင်နှင့် ဆင်းတုတော်များ ရေစက်သွန်းချ လှူဒါန်းပွဲသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးဝေလွင်၊ ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်း၊ ဒေါက်တာဒေါ်စန်းစန်းနွယ်နှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဝင်များ၊ ပရဟိတအသင်းအဖွဲ့များနှင့် ပြည်သူလူထုအင်အား ၃၀၀၀ ကျော် ပါဝင်ကုသိုလ်ယူကြသည်။