ရေဘေးသင့်ပြည်သူများထံ ရေသန့်ဘူးနှင့်ခေါက်ဆွဲခြောက်များလှူဒါန်း

 

ပဲခူး ဇူလိုင် ၃ဝ

ပဲခူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီသည် ယမန်နေ့ မွန်းလွဲပိုင်းက ပဲခူးမြို့နယ်အတွင်းရှိ ရေဘေးဒုက္ခခံစားနေရသော အဝိုင်းကျေးရွာနှင့် ဘုရားကြီးမြို့ရှိ ရေဘေးသင့်ပြည်သူများထံသွားရောက်ပြီး ရေသန့်ဘူး နှင့် ခေါက်ဆွဲခြောက်များထောက်ပံ့လှူဒါန်းခဲ့ကြသည်။

ရှေးဦးစွာပဲခူးမြို့နယ်ပြည်ခိုင်ဖြိုးပါတီအဖွဲ့သည် ကလိကျေးရွာ တွင် ရေကြီးနစ်မြုပ်နေသော အိမ်ခြေပေါင်း ၆ဝဝ ကျော်အား ခေါက်ဆွဲခြောက်များ အိမ်တိုင်ရာရောက်လိုက်လံပေးအပ် လှူဒါန်း ခြင်း၊ ဘုရားကြီးမြို့ ရပ်ကွက်ကြီး (၁)ရေဘေးသင့်ပြည်သူများအား ရေသန့်ဘူးများလှူဒါန်းခြင်း၊ကယ်ဆယ်ရေးစခန်းတွင် နာမကျန်းဖြစ် နေသူ သုံးဦးအား အလှူငွေများပေးအပ်ခြင်းများပြုလုပ်ကြသည်။

ထို့နောက်ရေဘေးသင့်ပြည်သူများကို လက်ခံထားရှိသော ဘုရား ကြီးမြို့(၁)ရပ်ကွက်ရှိ ကံထူးကျောင်းဆရာတော်အား ရှိခိုးကန်တော့ပြီး ရေသန့်ဘူးနှင့် အလှူငွေများဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

တင်စိုး(ပဲခူး)