သိုင်းပညာသင်တန်းဖွင့်ပွဲသို့ တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ ကော်မတီမှ ဒေါက်တာ ၀င်းမြင့်အောင် တက်ရောက်

 

(6-5-2017) နေ့ နံနက် (9:00 မှ12;00) ထိ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ နယ် တဲကြီးကုန်းကျေးရွာ မြန်မာရိုးရာ သိုင်းပညာ ( ဗန်တို ဗန်ရှည် လက်နက် မဲ့) သိုင်းပညာများကို သိုင်းပညာရှင် ဆရာကြီး ဦးမြင့်သန်း ငွေဗျိုင်း (ပင်မ)
ဦးအေးတို့မှ ပေးအပ်ပွဲ နွေရာသီ မြန်မာရိုးရာ သိုင်းပညာသင်တန်းဖွင့်ပွဲသို့ 
စစ်ကိုင်းတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ ကော်မတီမှ ဒေါက်တာ ဝင်းမြင့်အောင် တက်ရောက်၍ သင်တန်းသားများအား အမျိုးဘာသာ သာသနာနှင့် တိုင်ပြည်နှင့်လူမျိုး ကာကွယ်စောင့်ရှောက်သွားကြရန် မှာကြား ပြောဆိုခဲ့ကြောင်းသတင်းရရှိပါသည်။