မုဒုံမြို့နယ်​ပြည်​ခိုင်​ဖြိုး ပါတီဝင်​များ၏ နှစ်​စဉ်​​ကြေး​ပေးသွင်းခြင်းနှင့်​ ရပ်​/​ကျေး လပတ်​အစည်းအ​ဝေး ပြုလုပ်

 

မွန်​ပြည်​နယ်​ မုဒုံမြို့နယ်​ ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီသည်​ ​မေ
(၇) ရက်​​နေ့ နံနက်​( (၁၁း၀၀) နာရီချိန်​မှ စတင်​ကာ ရပ်​/​ကျေးလပတ်​အစည်းအ​ဝေးကို ပြုလုပ်​ခဲ့သည်​။

အခမ်းအနားတွင်​ မြို့နယ်​ပါတီ ဥက္ကဌ ဦး​ကျော်​​ကျော်​လွင်​မှ ပြည်​နယ်​ပါတီရဲ့ လမ်းညွန်​ချက်​များ၊ ပါတီ​ရှေ့ဆက်​​ဆောင်​ရွက်​ရမည့်​ ကိစ္စရပ်​များအား ချပြ​ဆွေး​နွေးကာ တက်​​ရောက်​လာကြသူများမှ ပြန်​လည်​​ဆွေး​နွေးခဲ့သည်​။

ဆက်​လက်​ပြီး ရပ်​/​ကျေး​ခေါင်း​ဆောင်​များမှ မိမိရပ်​ကွက်​၊ ​ကျေးရွာများ၏ ပါတီဝင်​များမှရရှိ​သော ပါတီဝင်​နှစ်​စဉ်​​ကြေးများအား မြို့နယ်​ပါတီ ဥက္ကဌ
ဦး​ကျော်​​ကျော်​လွင်​ထံ ​ပေးသွင်းခဲ့ကြသည်​။

အဆိုပါအစည်းအ​ဝေးကို ပြည်​နယ်​ပါတီ​ကော်​မတီဝင်​ ဦး​ဇော်​မြင့်​၊ ​မော်​လမြိုင်​ခရိုင်​​ကော်​မတီဝင်​ ဦးမင်း​အောင်​မြင့်​၊ မြို့နယ်​ပါတီဥက္ကဌ ဦး​ကျော်​​ကျော်​လွင်​၊ မြို့နယ်​ပါတီ​ကော်​မတီဝင်​များ၊ ရပ်​/​ကျေးစည်းမှူးများ တက်​​ရောက်​ခဲ့ပြီး အစည်းအ​ဝေးကို မွန်းလွဲ (၁၂း၃၀) နာရီချိန်​တွင်​ ပြီး​မြှောက်​ခဲ့ကြောင်း သတင်းရရှိပါသည်​။

#naylinnhtun