“ဒီမိုကရေစီပြောင်းလဲမှုအခန်းကဏ္ဍ” ဆွေးနွေးပွဲ ပြုလုပ်

တာချီလိတ်နှစ်ခြင်းခရစ်ယာန်အသင်းတော်၏ ဖိတ်ကြားချက်ဖြင့် တာချီလိတ် မြို့သို့ရောက်ရှိနေသော Legal Clinic Myanmar မှ ရှေ့နေ ဦးနေ၀င်းနိုင် အား တာချီလိတ်ခရိုင်/ မြို့နယ်ပြည်ခိုင်ဖြိုးပါတီရုံးသို့ ထပ်ဆင့်ဖိတ်ကြားခဲ့ပြီး (၁.၈.၂၀၁၆) နေ့ နံနက် (၉)နာရီအချိန်တွင် ဒီမိုကရေစီပြောင်းလဲမှု အခန်း ကဏ္ဍကို အကျယ်တ၀င့် ရှင်းလင်းဆွေးနွေးမှုများအား တာချီလိတ် ပြည်ခိုင်ဖြိုးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

13923445_1209545965751884_692889387754898336_o

အခမ်းအနားသို့ ပြည်နယ်ပါတီကော်မတီဝင် ဒေါ်တင်မေထွန်း၊ ခရိုင်ပါတီ ဥက္ကဌဦးဘိုစံ၊ ခရိုင်ပါတီအတွင်းရေးမှူး ဦးချမ်းမြ၊ ခရိုင်ဘဏ္ဍာရေးမှူး ဦးဝေယံဦး၊ မြို့နယ်ပါတီဥက္ကဌဦးစိုင်းရွှေထွန်း၊ မြို့နယ်အတွင်းရေးမှူး ဦးစိုင်းလုံ၊ မြို့နယ်ဘဏ္ဍာရေးမှူး ဦးအောင်ဝင်း နှင့် ခရိုင်/မြို့နယ် ကော်မတီ ၀င်များ၊ ရပ်/ကျေးခေါင်းဆောင်နှင့် အဖွဲ့ဝင်များ စုစုပေါင်း အင်အား(၃၅)ဦးတို့မှ တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

ရှမ်း/ရှေ့ သတင်းစုံ


Leave a Reply