ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကမာဝက်ကျေးရွာ၌ ရွာလုံးကျွတ်ဆွမ်းဆန်စိမ်းလောင်းလှူ

 

မော်လမြိုင် အောက်တိုဘာ ၁

မွန်ပြည်နယ် မုဒုံမြို့ကမာဝက်ကျေးရွာ၌ ယမန်နေ့နံနက် ၁၁ နာရီက မော်လမြိုင်ခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီနှင့် ကမာဝက်မြို့သူ မြို့သားမြိုလုံးကျွတ် ဆွမ်းဆန်စိမ်း လောင်းလှူကြကြောင်း သိရသည်။ မုဒုံမြို့နယ် ကမာဝက်ကျေးရွာ တွင် ရွာလုံးကျွတ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပရာ၊ ဆွမ်း ဆန်စိမ်းလောင်းလှူပွဲသို့ မော်လမြိုင်ခရိုင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးစိုးထွန်း မုဒုံမြို့နယ်ပါတီဥက္ကဋ္ဌ ဦးအောင်သက်တင်နှင့် ရပ်/ကျေးပါတီ ဥက္ကဋ္ဌများ၊ ပါတီကော်မတီဝင်များ စုစုပေါင်း ၂၅ဦးခန့်သည် ဆရာတော်သံဃာတော်၊ သီလရှင်အပါး ၃ဝဝဝ ကျော်အား ဆွမ်းဆန်စိမ်း တစ်တင်းခွဲအိတ် ၁၅ အိတ်လောင်းလှူခဲ့ ကြကြောင်း သိရသည်။