ကလစ်ရှ်ကိုကို ဗြိတိန်နိုင်ငံသားဂျိုရွှာ အလဲထိုးပြီး WBA ဟဲဗီးဝိတ် ချန်ပီယံဖြစ်

အင်္ဂလန်နိုင်ငံ ၀င်ဘလေ အားကစားကွင်းရှိ လက်ဝှေ့ရုံ၌ ကျင်းပခဲ့သော WBA ကမ္ဘာ့ဟဲဗီးဝိတ် ချန်ပီယံ ခါးပတ်လုပွဲတွင် ယူကရိန်းနိုင်ငံသား လက်ဝှေ့ကျော် ကလစ်ရှ်ကိုသည် ဗြိတိန်နိုင်ငံသား အန်သိုနီ ဂျိုရွှာကို ရှုံးနိမ့်ခဲ့သည်။

စစ်ပြီးခေတ် နောက်ပိုင်း ကြည့်ရှုသူစံချိန်တင်ခဲ့သည့် ပရိသတ် ၉၀,၀၀၀ ရှေ့မှောက တွင် အသက် ၂၇ နှစ် အရွယ်ဂျိုရွှာသည် ၄၁ နှစ်အရွယ် ကလစ်ရှ်ကိုကို ၁၁ ချီ်၌ စိတ်လှုပ်ရှားဖွယ် အလဲထိုးအနိုင်ယူခဲ့သည်။ ယခု နိုင်ပွဲကြောင့် IBF ခါးပတ်ချန်ပီယံ ဂျိုရွှာသည် WBA ကမ္ဘာ့ဟဲဗီးဝိတ် ချန်ပီယံခါးပတ်ကိုပါ သိမ်းပိုက်နိုင် ခဲ့သည်။

ဝင်ဘလေ လက်ဝှေ့ရုံ၌ ပထမဆုံးအကြိမ် ယှဉ်ပြိုင်ခဲ့သည့် ကလစ်ရှ်ကိုသည် ၎င်း၏ ကစား သမားဘ၀ ငါးပွဲ မြောက်ရှုံးပွဲကြုံ တွေ့ခြင်းဖြစ်သည်။ ကလစ်ရှ်ကိုနှင့် ဂျိုရွှာတို့သည် နှစ်ဦးပေါင်း ထိုးသတ်ကြေး ပျမ်းမျှ ပေါင်သန်း ၃၀ ရရှိခဲ့ပြီး ယင်းပမာဏသည် ဗြိတိန်နိုင်ငံ လက်ဝှေ့သမိုင်းတွင် စံချိန်တင် ထိုးသတ်ကြေး ဖြစ် သည်။

‘‘သူ့ကို ထိုးသတ်ဖို့ဖြစ်နိုင်တယ်ဆိုတာကို ကျွန်တော်သိနေခဲ့ပါတယ်။ ဒါပေမဲ့ တစ်ချီပြီးတစ်ချီ လေ့လာ သင်ယူမှုတွေ လုပ်ခဲ့ရပါတယ်’’ဟု ၁၉ ပွဲထိုး၊ ၁၉ ပွဲလုံးနိုင်ခဲ့သော ဂျိုရွှာက ပြောသည်။

နိုင်ပွဲရရှိခဲ့ခြင်းက ဂျိုရွှာကို ဗြိတိန်အားကစားလောက၌ အတောက်ပဆုံး အားကစားသမား တစ်ဦးဖြစ်စေ ကြောင်း ပွဲစီစဉ်သူ အက်ဒီဟီအန်းက ပြောသည်။

ဂျိုရွှာ၏ အောင်ပွဲနှင့်ပတ်သက်၍ နာမည်ကြီးဘောလုံးသမားများဖြစ်ကြသည့် တိုနီခရုစ်၊ အက်ရှ်လေ ကိုးလ်၊ အီယန်ရိုက်၊ ကာရေဂါနှင့် မိုက်ကယ်ဘောလက်တို့က ဂုဏ်ယူကြောင်း ၎င်းတို့၏ တွစ်တာမှတစ်ဆင့် ရေးသားခဲ့ကြသည်။  Ref:bbc