မန္ယူကစားသမား ဆန္ခ်ိဳကို ေခၚယူဖို႔ ဂ်ဴဗင္တပ္စ္အသင္း စီစဥ္ေန

ေအာက္တိုဘာ ၁၀
ဂ်ဴဗင္တပ္စ္အသင္းက မန္ယူအသင္းမွ ထြက္ခြာရန္ နီးစပ္ေနသည့္ ေတာင္ပံကစားသမား ဆန္ခ်ိဳကို လာမည့္ ဇန္နဝါရီအေျပာင္းအေရႊ႕ကာလတြင္ အငွားျဖင့္ ေခၚယူရန္ စီစဥ္ေနေၾကာင္း သိရပါတယ္။
အသက္၂၃ရွိ ဆန္ခ်ိဳဟာ နည္းၿပ တန္ဟက္ဂ္ႏွင့္ ဆက္ဆံေရးအဆင္မေျပျဖစ္ခဲ့ၿပီး ျပန္လည္ေတာင္းပန္ရန္ ျငင္းဆန္ခဲ့သည့္အတြက္ မန္ယူအသင္းမွ ထြက္ခြာရန္ နီးစပ္လာျခင္းျဖစ္ပါတယ္။
တန္ဟက္ဂ္က ၎ကို အသင္းလူစာရင္းမွ ခ်န္လွပ္ထားခဲ့ျခင္းမွာ ေလ့က်င့္ေရးကြင္း၌ စြမ္းေဆာင္ရည္ေကာင္း မျပနိုင္ေသာေၾကာင့္ျဖစ္သည္ဟု ေျပာၾကားခဲ့ေသာ္လည္း ၎ကမူ မိမိေလ့က်င့္ေရးကြင္းတြင္ ေကာင္းေကာင္းစြမ္းေဆာင္နိုင္ေၾကာင္းႏွင့္ မည္သူ႔မွတ္ခ်က္စကားကိုမၽွ မယုံၾကည္ၾကရန္ ျပန္လည္တုံ႔ျပန္ခဲ့ပါတယ္။
ဆန္ခ်ိဳဟာ ၂၀၂၁ ခုႏွစ္ေႏြရာသီတြင္ ေဒါ့မြန္အသင္းမွ မန္ယူအသင္းသို႔ ေျပာင္းေရႊ႕ေၾကးေပါင္(၇၃)သန္းျဖင့္ ေျပာင္းေရႊ႕ခဲ့သူျဖစ္ၿပီး ယခု ျပႆနာျဖစ္ပြားခ်ိန္တြင္ အသင္းေဟာင္းထံ ျပန္လည္ေျပာင္းေရႊ႕ရန္ ဆႏၵရွိေနေၾကာင္း သတင္းထြက္ေပၚေနေၾကာင္း သိရပါတယ္။
ဂ်ဴဗင္တပ္စ္အသင္းက ဆန္ခ်ိဳကို ဇန္နဝါရီအေျပာင္းအေရႊ႕ကာလတြင္ အငွားစာခ်ဳပ္ျဖင့္ ဦးစြာေခၚယူၿပီး လာမည့္ ေႏြရာသီ၌ ေပါင္သန္း(၆၀)ျဖင့္ အၿပီးသတ္ေခၚယူရန္ စီစဥ္ေနသည္ဟုလည္း သိရပါတယ္။

====================

မန်ယူကစားသမား ဆန်ချိုကို ခေါ်ယူဖို့ ဂျူဗင်တပ်စ်အသင်း စီစဉ်နေ

အောက်တိုဘာ ၁၀
ဂျူဗင်တပ်စ်အသင်းက မန်ယူအသင်းမှ ထွက်ခွာရန် နီးစပ်နေသည့် တောင်ပံကစားသမား ဆန်ချိုကို လာမည့် ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် အငှားဖြင့် ခေါ်ယူရန် စီစဉ်နေကြောင်း သိရပါတယ်။
အသက်၂၃ရှိ ဆန်ချိုဟာ နည်းပြ တန်ဟက်ဂ်နှင့် ဆက်ဆံရေးအဆင်မပြေဖြစ်ခဲ့ပြီး ပြန်လည်တောင်းပန်ရန် ငြင်းဆန်ခဲ့သည့်အတွက် မန်ယူအသင်းမှ ထွက်ခွာရန် နီးစပ်လာခြင်းဖြစ်ပါတယ်။
တန်ဟက်ဂ်က ၎င်းကို အသင်းလူစာရင်းမှ ချန်လှပ်ထားခဲ့ခြင်းမှာ လေ့ကျင့်ရေးကွင်း၌ စွမ်းဆောင်ရည်ကောင်း မပြနိုင်သောကြောင့်ဖြစ်သည်ဟု ပြောကြားခဲ့သော်လည်း ၎င်းကမူ မိမိလေ့ကျင့်ရေးကွင်းတွင် ကောင်းကောင်းစွမ်းဆောင်နိုင်ကြောင်းနှင့် မည်သူ့မှတ်ချက်စကားကိုမျှ မယုံကြည်ကြရန် ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။
ဆန်ချိုဟာ ၂၀၂၁ ခုနှစ်နွေရာသီတွင် ဒေါ့မွန်အသင်းမှ မန်ယူအသင်းသို့ ပြောင်းရွှေ့ကြေးပေါင်(၇၃)သန်းဖြင့် ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး ယခု ပြဿနာဖြစ်ပွားချိန်တွင် အသင်းဟောင်းထံ ပြန်လည်ပြောင်းရွှေ့ရန် ဆန္ဒရှိနေကြောင်း သတင်းထွက်ပေါ်နေကြောင်း သိရပါတယ်။
ဂျူဗင်တပ်စ်အသင်းက ဆန်ချိုကို ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် အငှားစာချုပ်ဖြင့် ဦးစွာခေါ်ယူပြီး လာမည့် နွေရာသီ၌ ပေါင်သန်း(၆၀)ဖြင့် အပြီးသတ်ခေါ်ယူရန် စီစဉ်နေသည်ဟုလည်း သိရပါတယ်။