ရွှေဒါးဆရာတော်ကြီးဈာပနအတွက် ပြည်ခိုင်ဖြိုးပါတီဗဟိုအတိုင်ပင်ခံ ဦးရဲမြင့်မိသားစုအလှူငွေများပေးအပ်လှူဒါန်း

 

ဘဝနတ်ထံပျံလွန်တော်မူသွား သော အောင်မြေသာစံမြို့နယ် ရွှေဒါးပရိယတ္တိစာသင်တိုက် ပဓာန နာယကဆရာတော် နိုင်ငံတော် သြဝါဒါစရိယ ရွှေဒါးဆရာတော် ကြီး ဘဒ္ဒန္တကလျာဏ သက်တော် (၁ဝဝ)၊ဝါတော်(၈ဝ)၏ရုပ်ကလာပ် အား ယနေ့နံနက် ၇ နာရီက ပြည်ခိုင်ဖြိုးပါတီဗဟိုအတိုင်ပင်ခံ ဦးရဲမြင့်နှင့်ဇနီးဒေါ်မြတ်ငွေတို့က ဖူးမြော်ကန်တော့၍ ဈာပနအခမ်း အနားကျင်းပရန်အတွက် အလှူငွေ များ ပေးအပ်လှူဒါန်းခဲ့သည်။
ရွှေဒါးဆရာတော်ကြီး အန္တိမအဂ္ဂိဈာပနအခမ်းအနား ကျင်းပရန် အတွက် ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတိုင်ပင်ခံဦးရဲမြင့် နှင့်ဇနီးဒေါ်မြတ်ငွေ မိသားစုက အလှူငွေ ကျပ်ငါးသိန်းကို ဈာပနကျင်းပရေးကော်မတီထံသို့ ပေးအပ်လှူဒါန်းခဲ့ပြီး ဗဟိုအတိုင်ပင်ခံ ဦးရဲမြင့်နှင့်ဇနီးဒေါ်မြတ်ငွေတို့ နှင့်အတူ မန္တလေးတိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီကော်မတီဝင် ဦးမျိုးမြင့်၊ မန္တလေးခရိုင်ပါတီဥက္ကဋ္ဌ ဦးဘိုသင်း၊ အောင်မြေသာစံမြို့နယ်ပါတီဥက္ကဋ္ဌ ဦးကိုလေးနှင့်ပြည်ခိုင်ဖြိုးပါတီကော်မတီဝင်တို့လိုက်ပါခဲ့ကြောင်းသိရသည်။
အောင်မြေသာစံမြို့နယ် ရွှေဒါးပရိယတ္တိစာသင်တိုက် ပဓာနနာယက ဆရာတော် နိုင်ငံတော် သြဝါဒါစရိယ ရွှေဒါးဆရာတော်ဘုရားကြီး ဘဒ္ဒန္တကလျာဏ သက်တော်(၁ဝဝ)၊ဝါတော်(၈ဝ)သည် ယခုလ၂၆ ရက် ညနေ ၆ နာရီ ၁၅ မိနစ်ခန့်က ဘဝနတ်ထံပျံလွန်တော်မူခဲ့ပြီး ဆရာတော်ကြီး အန္တိမအဂ္ဂိဈာပနအခမ်းအနားကို မေ ၂ ရက်တွင် ကျင်းပရန် စီစဉ်ထား ကြောင်း နှင့် ဆရာတော်ကြီး၏ ရုပ်ကလာပ်တော်အား အေးရိပ်ငြိမ် သုသာန်တွင် မီးသဂြုင်္ိဟ်ပူဇော်မည်ဖြစ်ကြောင်း သိရသည်။

သုတ