မန္တလေးတိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီ ပါတီဝင်နှစ်စဉ်ကြေးများ ဒုတိယအကြိမ်မြောက်စုပေါင်းပေးအပ်

 

မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီမှ မြို့နယ်ပါတီအသီးသီး၏ ပါတီဝင်နှစ်စဉ်ကြေး များ ဒုတိယအကြိမ်မြောက် စုပေါင်းပေးအပ်ပွဲနှင့်ပါတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မတ် ၃ဝ ရက် နံနက် ၉ နာရီခွဲက တိုင်းဒေသကြီးပါတီရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
ဒုတိယအကြိမ်မြောက် ပါတီဝင်နှစ်စဉ်ကြေးစုပေါင်းပေးအပ်ပွဲတွင် တိုင်းဒေသကြီးပါတီ ဥက္ကဋ္ဌဦးဝင်းမောင်က အဖွင့်အမှာစကားပြောကြားပြီးနောက် သက်ဆိုင်ရာမြို့နယ်ပါတီအသီး သီးမှပါတီဝင်ပေါင်း ၂၇၄၅၃ ဦးအတွက် ပါတီနှစ်စဉ်ကြေးငွေကျပ် ၁၃၇၂၆၅ဝဝ အား ခရိုင် ဘဏ္ဍာရေးမှူးများမှတစ်ဆင့် တိုင်းဒေသကြီးဘဏ္ဍာရေးမှူးထံသို့ပေးအပ်ခဲ့ပြီး ပါတီဝင်နှစ်စဉ် ကြေးအများဆုံးပေးသွင်းသည့် မလှိုင်မြို့နယ်အား တိုင်းဒေသကြီးပါတီမှ ဂုဏ်ပြုချီးမြှင့်ငွေ ကျပ်တစ်သိန်းအား ပေးအပ်ခဲ့ကြောင်း သိရသည်။
ထို့နောက် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်ပါတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးဆက်လက် ကျင်းပခဲ့ရာ တိုင်းဒေသကြီးပါတီဥက္ကဋ္ဌမှ ပါတီစည်းရုံးရေးဆိုင်ရာကိစ္စရပ်များ၊ ပါတီဝင်နှစ်စဉ် ကြေးကောက်ခံပေးသွင်းရေးကိစ္စများ၊ မဟာသင်္ကြန်ပွဲတော်ကာလ ကုသိုလ်ကောင်းမှုပြုလုပ် ရေးကိစ္စများအားဆွေးနွေးမှာကြားခဲ့ပြီးတက်ရောက်လာသော ခရိုင်၊ မြို့နယ်များမှ ၄င်းတို့၏ ဆောင်ရွက်ချက်များအား ပြန်လည်တင်ပြဆွေးနွေးခဲ့ကြောင်း သိရသည်။
ပါတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပရာသို့ တိုင်းဒေသကြီးပါတီဥက္ကဋ္ဌဦးဝင်းမောင်နှင့် တိုင်းဒေသကြီးပါတီကော်မတီဝင်များ၊ ခရိုင်ပါတီဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၊ ဘဏ္ဍာရေး မှူးများ၊ မြို့နယ်ပါတီဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၊ ဘဏ္ဍာရေးမှူးများတက်ရောက်ခဲ့ကြသည်။
သုတ