ဘိုကလေးမြို့နယ်ပြည်ခိုင်ဖြိုးပါတီ နွေရာသီမြန်မာ့ရိုးရာသိုင်းပညာသင်တန်းဖွင့်လှစ်

လူငယ်မျိုးဆက်သစ်များ ဗလ ငါးတန်ဖွံ့ဖြိုးတိုးတက်ပြီးအနာဂတ် ကာလနိုင်ငံတော်တည်ထောင်ရေး နှင့်ကာကွယ်စောင့်ရှောက်ရေးကဏ္ဍ တွင် ကျန်းမာသန်စွမ်း၍ စွမ်းစွမ်း တမံပါဝင်နိုင်ရန်ရည်ရွယ်၍ ဘို ကလေးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ သည် နွေရာသီမြန်မာ့ရိုးရာသိုင်း ပညာ သင်တန်းဖွင့်ပွဲကို မတ် ၃၁ ရက် ညနေ ၆နာရီက မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးခန်း၌ ပြုလုပ် ခဲ့သည်။

 

သင်တန်းဖွင့်ပွဲတွင် မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌကိုယ်စား အတွင်းရေးမှူးဦးလှဌေးက အဖွင့် အမှာစကားပြောကြားခဲ့သည်
ဆက်လက်၍သင်တန်းတာဝန်ခံ ဦးကိုကိုလေး (လူငယ်ရေးရာ တာဝန်ခံ၊ မြို့နယ်ပါတီကော်မတီ ဝင်)ကသင်တန်းဖွင့်လှစ်ရခြင်းရည် ရွယ်ချက်ကိုရှင်းလင်းပြောကြားပြီး မြန်မာနိုင်ငံသိုင်းအဖွဲ့ချုပ် သင်တန်း မှူးဦးကျော်ဝင်းက သင်တန်းတွင် လိုက်နာဆောင်ရွက်ရမည့် စည်း မျဉ်းစည်းကမ်းများကို ဖတ်ကြား ရှင်းလင်းခဲ့သည်။ ညနေ ၆ နာရီ ၄၅ မိနစ်တွင်သင်တန်းဖွင့်ပွဲအခမ်း အနား အောင်မြင်စွာပြီးစီးခဲ့သည်။
သင်တန်းဖွင့်ပွဲအခမ်းအနားသို့ မြို့နယ်ပါတီကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့ပေါ်ရပ်ကွက်များ မှ ရပ်ကွက်ပါတီကော်မတီဝင်များ၊ သင်တန်းသား လူငယ်မောင်မယ် များစုစုပေါင်း ၄၅ဦးတက်ရောက် ခဲ့သည်။ သင်တန်းကို ယနေ့မှ ယခုလ ၃ဝရက်အထိ မြို့နယ်ပါတီ ရုံးခန်းမ၌ နေ့စဉ်သင်ကြားပို့ချမည် ဖြစ်ပြီး သင်တန်းသားသင်တန်းသူ ၃ဝ တက်ရောက်ကြကြောင်း သိရ သည်။

မေလေး