ဦးနှောက်ကြားက မဲတစ်ပြားက ပိုပြီးအနှစ်သာရ ရှိ

 

ရွေး ကောက်ပွဲနဲ့ပတ်သက်ပြီး ပြောလေ့ပြော ထရှိကြတာကတော့ ‘အသည်းကြားက မဲတစ်ပြား’လို့ ခေါ်ဝေါ်သုံးစွဲခဲ့ပါတယ်။ ခေတ်တွေစနစ်တွေ ပြောင်းခဲ့ပါပြီ။ ယနေ့ အံမခန်းတိုးတက်လာတဲ့ ခေတ်ကြီးမှာ တစ်ကမ္ဘာလုံး အနေအထားနဲ့ လေ့လာ သုံးသပ်ကြည့်ရင်တော့ အသည်းကြားက မဲတစ်ပြား ဆိုတာထက် ဦးနှောက်ကြားက မဲတစ်ပြားက ပိုပြီးအနှစ်သာရရှိတယ်ပေါ့။

တစ်ကမ္ဘာလုံးကလည်း ဦးနှောက် နဲ့စဉ်းစားပြီး ရွေးချယ်ကြတာပါဗျာ။
ဦးနှောက်ကြားက မဲတစ်ပြားဆိုတာ အနှစ်ရှိပါတယ်။ ဦးနှောက်နဲ့ စဉ်းစား ရွေးပါက ဘက်လိုက်မှုမရှိပါဘူးဗျာ။ အသည်းကြားက မဲတစ်ပြားဟာ ဘက် လိုက်မှုတွေရှိပါတယ်။ ဘက်လိုက်မှုတွေ၊ အစွဲတွေ၊ ပါတီစွဲတွေ၊ ပုဂ္ဂိုလ်စွဲတွေ၊ ဒေသစွဲတွေ၊ အတ္တစွဲတွေနဲ့ ရွေးတာ ကြောင့် လွဲမှားနိုင်ပါတယ်။

ဦးနှောက်နဲ့ စဉ်းစားတွေးခေါ် ရွေး ချယ်တာကတော့ ရှင်ဘုရင့်ယောက်ဖဖြစ် ပေမဲ့ အရည်အချင်းမရှိရင် (သီလနဲ့ပညာ မရှိရင်) မရွေးဘူးပေါ့။ လယ်သမား သားသမီးဖြစ်ပေမဲ့ အရည်အချင်းရှိရင် (သီလနဲ့ပညာရှိရင်) ရွေးမယ်ပေါ့။ လေယာဉ်ပျံ ပိုင်ထားသူဖြစ်ပေမဲ့ အရည်အချင်းမရှိရင် (သီလနဲ့ပညာမရှိရင်) မရွေးဘူးပေါ့ဗျာ။ စက်လှေတစ်စင်း၊ သင်္ဘောတစ်စင်းသာ ပိုင်ရှင်ဖြစ်ပေမဲ့ အရည်အချင်းရှိရင် (သီလနဲ့ပညာရှိရင်) ရွေးမယ်ပေါ့။ တော်ဝင်မျိုးနွယ် ဆွေ ကြီးမျိုးကြီးဖြစ်ပေမဲ့ အရည်အချင်းမရှိရင် (သီလနဲ့ပညာမရှိရင်) မရွေးဘူးပေါ့။ တစ်ကောင်ကြွက်ဖြစ်ပေမဲ့ အရည်အချင်းရှိရင် (သီလနဲ့ပညာရှိရင်) ရွေး မယ်ပေါ့။ ကိုယ့်ဘိုးတော်ကြီးအနား ရှိတဲ့သူဖြစ်ပေမဲ့ အရည်အချင်းမရှိရင် (သီလနဲ့ပညာမရှိရင်) မရွေးဘူးပေါ့။ အဲဒီလိုရွေး ချယ်တာမျိုးကို ဦးနှောက်ကြား က မဲတစ် ပြားလို့ ခေါ်ပါတယ်။ အိုဘားမား သမ္မတဖြစ်လာရတာဟာ အမေရိ ကန် ပြည်သူတွေက ဦးနှောက်နဲ့စဉ်းစား ဆုံး ဖြတ်ပြီး ရွေးချယ်လို့ပါ။ ကမ္ဘာ့ နိုင်ငံ အသီးသီးရှိ နိုင်ငံခြားရေးဝန်ကြီးတွေဟာ ဦးနှောက်နဲ့စဉ်းစားပြီး ရွေးကြ လို့သာ ပန်းတနော်သား ဦးသန့်ဟာ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး ချုပ် ဖြစ်လာ တာပါ။

ဒါကြောင့် ‘ပါတီအမည်’ နောက် ကောက်ကောက်ပါအောင်လိုက်ပြီး မဲမပေး သင့်ပါဘူး။ ပါတီအမည်က အဓိက မကျ ပါဘူး။ လူကသာ (လူ့အရည်အချင်း ကသာ) အဓိက ကျသည့်အတွက် အရည်အချင်းအပြည့်ရှိသည့် ပြည်ခိုင်ဖြိုးပါတီကိုယ်စားလှယ်များကိုသာ မဲပေးကြပါစို့…