မော်လမြိုင်ကျွန်း ပြည်ခိုင်ဖြိုးပါတီ မျက်နှာစုံညီနှင့် ပြန်လည်ပြင်ဆင်ရွေးချယ်ဖွဲ့စည်း

မော်လမြိုင်ကျွန်းမြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မျက်နှာစုံညီအစည်းအဝေးနှင့်ပြန် လည်ပြင်ဆင်ရွေးချယ်ဖွဲ့စည်းရေး အခမ်းအနားကို ယနေ့ နံနက် ၈နာရီက မြို့နယ်ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးခန်းမ ၌ကျင်းပရာ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်နှင့် ရပ်ကွက်၊ ကျေးရွာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီကော်မတီဝင် ၂၅၆ဦး တက်ရောက်ကြသည်။
ယင်းအခမ်းအနားတွင်သဘာ ပတိ ဧရာဝတီတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီပြန်လည်ရွေးချယ်ဖွဲ့စည်းရေး အဖွဲ့ခေါင်းဆောင်တိုင်းဒေသကြီး ကော်မတီဝင် ဦးဝင်းကိုကိုက ပြန်လည်ပြင်ဆင်ဖွဲ့စည်းရွေးချယ်ရေး လုပ်ငန်းများကိုလည်းကောင်း၊ လပွတ္တာခရိုင် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီအတွင်းရေး မှူး ဦးလှိုင်ဦးက ရွေးချယ်တင် မြှောက်ခြင်းဆိုင်ရာလုပ်ငန်းများကို လည်းကောင်း ရှင်းလင်းတင်ပြ သည်။

ထို့နောက်မြို့နယ်ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ နှစ် ပတ်လည်အစီရင်ခံစာကို မြို့နယ် ပါတီကော်မတီဝင် ဦးမြင့်လွင်က ဖတ်ကြားပြီး အစုအဖွဲ့အတန်းများ ကို မြို့နယ်ပါတီကော်မတီဝင် ဒေါ်သဲနုဝါနှင့်ဒေါ်ဆွေဇင်မင်းတို့က ဆွေးနွေးတင်ပြသည်။
ထို့နောက် တက်ရောက်လာ ကြသော ပါတီကော်မတီဝင်များက မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကော်မတီဝင်များအား အများဆန္ဒဖြင့် ပြန်လည်ရွေးချယ် တင်မြှောက်ကြရာ မြို့နယ်ပါတီ ဥက္ကဋ္ဌ ဦးမြင့်အောင်၊ အတွင်းရေး မှူး ဦးအောင်ဇော်လှိုင်၊ ဘဏ္ဍာရေး မှူး ဦးသောင်းဦးအပါအဝင် မြို့ နယ်ကော်မတီဝင် ၁၅ ဦးနှင့် မြို့နယ်အရန်ပါတီကော်မတီဝင် (အချိန်ပိုင်း) ၁၅ ဦးတို့အား ရွေး ချယ်တင်မြှောက်ကြပြီး ရွေးချယ် တင်မြှောက်ခံရသော မြို့နယ်ပါတီ ကော်မတီဝင်များနှင့် အရန်ပါတီ ကော်မတီဝင်များသည် သဘာ တိ ရှေ့မှောက်တွင် ကတိသစ္စာခံယူ ကြသည်။

မော်ကျွန်းမြင့်အောင်


Leave a Reply