ကြားဖြတ်ရွေးကောက်ပွဲ အတွက် မတ်(၂၂)ရက်မှ စတင်၍ ကြိုတင်မဲပေးနိုင်

ဧပြီလ ၁ရက်မှာကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲအတွက် ကြိုတင်မဲတွေကို မတ်လ ၂၂ ရက်က စတင်ကာ သက်ဆိုင်ရာရပ်ကွက်ကော်မရှင်အဖွဲ့ခွဲရုံးတွေမှာ ပေးနိုင်ပြီဖြစ်တယ်လို့ ရွေးကောက်ပွဲကော်မရှင် တာဝန်ရှိ သူတွေထံက သိရပါတယ်။

အခုလ ၂၂ ရက်ကနေကနေစပြီး ကြိုတင်မဲပေးနိုင်သူတွေဟာ အစိုးရအဖွဲ့အစည်းဝင်တွေနဲ့ ရွေးကောက်ပွဲ ကာလမှာ တာဝန်ထမ်းဆောင်ရမယ့် တာဝန်ကျဝန်ထမ်းတွေဖြစ်ပြီး နာမကျန်းဖြစ်နေ သူတွေ၊ ကိုယ်ဝန် ဆောင်သည်တွေ၊ အခြားအကြောင်းအမျိုးမျိုးကြောင့် ကြိုတင်မဲပေးလိုသူတွေအနေနဲ့ကတော့ မတ်လ (၃၀) နဲ့ (၃၁)ရက်မှာ ပေးနိုင်မှာဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင် ညွှန်ကြားရေးမှူး ဦးတင်ဝင်းက ပြောပါတယ်။

ရွေးကောက်ပွဲအတွက် ကြိုတင်မဲပေးခွင့်ရှိသူတွေဟာ ရွေးကောက်ပွဲနေ့မှာ တာဝန်ထမ်းဆောင်ရမယ့် တပ်မတော်သား၊ ရဲ၊ ကော်မရှင်ဝန်ထမ်း စတဲ့သူတွေဖြစ်ပြီး ကြိုတင်မဲပေးခွင့်ရှိတဲ့ သူတွေ အနေနဲ့ သက်ဆိုင်ရာ ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲရုံးတွေမှာ သတ်မှတ်ထားတဲ့ ရက်အတွင်း မနက်(၈)နာရီကနေ ညနေ (၆) နာရီ အထိ ကြိုတင်မဲလာရောက်ပေးနိုင်တယ်လို့ သိရပါတယ်။

ကြိုတင်မဲပေးပိုင်ခွင့်ရှိတဲ့ နာမကျန်းဖြစ်နေသူတွေ၊ သက်ကြီးရွယ်အိုတွေ၊ ရွေးကောက်ပွဲနေ့မှာ မဲဆန္ဒနယ် ပြင်ပရောက်ရှိနေမယ့် သင်တန်းသား၊ ကျောင်းသား၊ ဆေးရုံတက်နေသူ၊ အချုပ်ကျနေသူ စတဲ့ သူတွေ အနေနဲ့ ကြိုတင်မဲပေးလိုပါက သက်ဆိုင်ရာဌာနဆိုင်ရာတွေက ဆောင်ရွက်ပေးရမှာဖြစ်တယ်လို့ သိရပါ တယ်။

ဧပြီ(၁)ရက်မှာကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲစာရင်းတွေကို မတ်လ ၁၇ ရက်မှာ သက်ဆိုင် ရာ ရပ်ကွက်၊ ကျေးရွာ ကော်မရှင်အဖွဲ့ခွဲရုံးတွေမှာ ကြေညာကပ်ထားပေး မှာဖြစ်တာကြောင့် မဲဆန္ဒရှင် တွေအနေနဲ့ လာရောက်ကြည့်ရှုကြဖို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က တိုက်တွန်းထားပါတယ်။

Central News Bureau