အုန်းရည်ရဲ့ ကျန်းမာရေးအစွမ်း

အုန်းသီးကို မြန်မာမုန့်တွေမှာ အများဆုံး ထည့်စားကြပြီး အုန်းသီးထဲက သဘာဝအုန်းရည်ကတော့ ကျန်းမာရေး အတွက် အလွန်ကောင်းမွန်စေတာကြောင့် သောက်သုံးလေ့ရှိကြပါတယ်။

အုန်းရည်ချိုချိုလေးကို ပုံမှန်သောက်သုံး ပေးခြင်းဖြင့် ကယ်လိုရီ ကျစေပါတယ်။ အချိုများများပါတဲ့ ဖျော်ရည်တွေ အစား အုန်းရည်သောက်သုံးခြင်းက သကြားဓါတ်ပါဝင်မှု နည်းစေတာကြောင့် ခန္ဓာကိုယ် အလေးချိန်ကျစေ ပါတယ်။ ပိုတက်စီယမ်ဟာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ သတ္တုဓါတ်တစ်မျိုးပါပဲ။

အုန်းရည်မှာ ပိုတက်စီယမ် များများပါဝင်တာကြောင့် ဦးနှောက်နဲ့အာရုံကြောဆိုင်ရာ လုပ်ငန်းဆောင်တာတွေကို ကောင်းမွန်စေပါတယ်။ အုန်းရည်မှာ ပိုတက်စီယမ် (၁၃%) ပါဝင်ပါတယ်။

ခန္ဓာကိုယ်မှာ မဂ္ဂနီဆီယမ်ဓါတ် လျော့ကျလာပြီဆိုရင် ခန္ဓာကိုယ်ရဲ့ လှုပ်ရှားနိုင်မှုစွမ်းရည်ကလည်း ကျလာပါတယ်။ ဒါ့ကြောင့် energy မြန်မြန်ပြန်ပြည့်စေချင်တယ်ဆိုရင် မဂ္ဂနီဆီယမ် များများပါဝင်တဲ့ အုန်းရည်ကို ရွေးချယ် သောက်သုံးသင့်ပါတယ်။ အုန်းရည်မှာ ဓါတ်တိုးဆန့်ကျင်မှုတွေလည်း ပါဝင်တာကြောင့် free radicalsကြောင့် ခန္ဓာကိုယ်ပျက်စီးခြင်းတွေကို တားဆီးပေးပါတယ်။

ရေဓါတ်ကို အပြည့်အ၀ရစေပြီး နှလုံးကျန်းမာရေးလည်း ကောင်းမွန်စေပါတယ်။ မောပန်းနွမ်းနယ်ခြင်းတွေကို သက်သာစေပြီး ခန္ဓာကိုယ် ကိုယ်ခံအားတိုးတက်စေပါတယ်။ အသားအရေကို စိုပြည်စေပြီး အစာချေဖျက်ခြင်း စနစ်ကိုလည်း အထောက်အကူပြုပါတယ်။

Credit:Momolay