ကမ္ဘာတစ်ဝန်း မျောက်ကျောက်ရောဂါ ဖြစ်ပွားသူ ၇၀၀ ကျော် ရှိလာဟု အမေရိကန် CDC ထုတ်ပြန်

ကမ္ဘာတစ်ဝန်း မျောက်ကျောက်ရောဂါ ဖြစ်ပွားသူ ၇၀၀ ကျော် ရှိနေပြီး ၎င်းတို့အနက် မှ ၂၁ ဦးသည် အမေရိကန် ပြည်ထောင်စုမှ ဖြစ်ကြောင်း အမေရိကန် ရောဂါကာကွယ် ထိန်းချုပ်ရေးဌာန CDC က ထုတ်ပြန်ခဲ့ သည်။ အဆိုပါ ရောဂါသည် အမေရိကန် နိုင်ငံ၌ ကူးစက်ပျံ့နှံ့လာနေကြောင်းလည်း လေ့လာမှုများအရ သိရှိရကြောင်း CDC က ဆိုသည်။

ကနဦး ကူးစက်ခံရသူ ၁၇ ဦးထဲမှ ၁၆ ဦးသည် လိင်တူချင်း ဆက်ဆံခဲ့သည်ကို တွေ့ ရှိရကြောင်းနှင့် ၁၄ ဦးမှာ ခရီးသွားလာမှုနှင့် ဆက်နွှယ်နေသည်ဟု လည်း CDC ၏ ထုတ် ပြန်ချက်အရ သိရသည်။ သို့ရာတွင် လူနာ အားလုံးမှာ ပြန်လည်သက်သာလာပြီဖြစ်ကာ အသက်သေဆုံးသူ မရှိခဲ့ပါ။

မျောက်ကျောက် ရောဂါသည် ရေကျောက်ရောဂါနှင့် ဆက်နွှယ်သည့် ရောဂါတစ်မျိုးဖြစ်သော်လည်း ရေ ကျောက်ရောဂါလောက် ပြင်းထန်မှုမရှိဘဲ အဖုအပိမ့်ထွက်ခြင်း၊ ဖျားနာခြင်း၊ ကိုက်ခဲ ခြင်းကဲ့သို့ ရောဂါလက္ခဏာ များ ဖြစ်ပေါ် တတ်သည်။ ထိုရောဂါသည် အများအားဖြင့် အာဖရိက အနောက်ပိုင်းနှင့်အလယ်ပိုင်းတို့ တွင် ဖြစ်ပွားလေ့ရှိသော်လည်း မေလမှစ၍ ဥရောပတွင် ကူးစက်မှုများ တွေ့ရှိလာပြီး နောက် ကူးစက်ခံရသူ မြင့်တက် လာခဲ့သည်။