ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေး ကယားပြည်နယ် လွိုင်ကော်မြို့ ရပ်မိရပ်ဖ ပါတီဝင်များနှင့်တွေ့ဆုံပွဲမှ အမှာစကား ကောက်နုတ်ချက်

  • မြို့ပြတွေမှာ ဖွံ့ဖြိုးတိုးတက်နေသလို ဖွံ့ဖြိုးမှုနောက်ကျနေတဲ့ ဒေသတွေမှာလည်း အေးချမ်း သာယာစေချင်၊ ဖွံ့ဖြိုးစေချင်။

 

  • ဒီလိုပြည်ထောင်စုတစ်ဝန်း တစ်ပြေးညီအေးချမ်းဖွံ့ဖြိုးတိုးတက်စေချင်တာ ပြည်ထောင်စုစိတ် ဓာတ်ပဲဖြစ်။
  • လက်ရှိအခြေအနေတွင် မိမိတို့ပါတီ အစိုးရမဟုတ်သော်လည်း မိမိတို့ စတင်ဖော်ဆောင်ပေးခဲ့သည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ကယားပြည်နယ်အပါအဝင် တစ်နိုင်ငံလုံး ငြိမ်းချမ်းရေး အပြည့်အဝရသည် အထိ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်။
  • ၈-၃-၂ဝ၁၇ ရက်နေ့တွင် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးက ရခိုင်ဖြစ်စဉ် နှင့်ပတ်သက်၍ နိုင်ငံတကာ စုံစမ်းရေးကော်မရှင်ဖွဲ့သင့်ကြောင်းနှင့် မြန်မာနိုင်ငံတွင် လူ့အခွင့် အရေးဆိုင်ရာ မဟာမင်းကြီး ရုံးခွဲဖွင့်လှစ်ရန် အဆိုပြုခဲ့သည်ဟု သိရှိရ။
  • ရခိုင်ပြည်နယ်ကိစ္စသည် မိမိတို့နိုင်ငံ၏ ပြည်တွင်းရေးကိစ္စသာဖြစ်။
  • မိမိတို့နိုင်ငံ၏ ပြည်တွင်းရေးအား နိုင်ငံတကာမှ ဝင်ရောက်စွက်ဖက်လာမည့် မည်သည့်လုပ်ငန်း စဉ်ကိုမျှ လက်ခံမည်မဟုတ်ကြောင်း၊ မိမိတို့ပါတီမှ တရားဝင်သဘောထားထုတ်ပြန်ထားပြီးဖြစ်။
  • ပြည်ခိုင်ဖြိုးပါတီအနေဖြင့် ပြည်သူလူထုတစ်ရပ်လုံးနှင့်အတူ ယင်းသဘောထားအတိုင်း ခိုင်မာစွာ ဆက်လက်ရပ်တည်သွားမည်ဖြစ်။