ပါတီဥက္ကဋ္ဌ ဦးသန်းဌေး ကယားပြည်နယ်ရှိ ပြည်နယ်၊ ခရိုင်၊ မြို့နယ် ရပ်/ကျေးကော်မတီဝင်များနှင့် တွေ့ဆုံ

 

ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့်အဖွဲ့သည် မတ်လ (၈) ရက် ညနေ ၄ နာရီအချိန်က ဖရူဆိုမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ၊ အတွင်းရေးမှူး၊ မြို့နယ်ကော်မတီဝင်များ၊ ရပ်ကွက်/ကျေးရွာ စည်းရုံးရေးမှူးနှင့် အဖွဲ့များအားတွေ့ဆုံကာ ၂၀၁၇ ကြားဖြတ်ရွှေးကောက်ပွဲအောင်နိုင်ရေး ကိစ္စရပ်များအား ဆွေးနွေးခဲ့သည်။

တွေ့ဆုံပွဲတွင် ရပ်ကွက်၊ ကျေးရွာကော်မတီ အဖွဲ့ခေါင်းဆောင်များက ပါတီ၏ဆောင်ရွက်ချက်များကို တင်ပြခဲ့ပြီး ဖရူဆိုမြို့နယ်ပါတီဥက္ကဋ္ဌက ခြုံငုံသုံးသပ်တင်ပြခဲ့သည်။ ပြည်နယ်ပါတီဥက္ကဋ္ဌကလည်း ကြားဖြတ်ရွေးကောက်ပွဲအတွက် ပြင်ဆင်နေမှုအပေါ် ခြုံငုံသုံးသပ်တင်ပြခဲ့သည်။ ထို့နောက် ပါတီဥက္ကဋ္ဌ ဦးသန်းဌေးက ပါတီဝင်များ၏ မေးမြန်းချက်ကို ပြန်လည်ဖြေကြားရှင်းလင်းခဲ့သည်။

တွေ့ဆုံဆွေးနွေးပွဲသို့ ပါတီဥက္ကဌ ဦးသန်းဌေးနှင့်အတူ ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်း၊ ဗဟိုအလုပ်အမှုဆောင် များဖြစ်ကြသော ဦးဝဏ္ဏမောင်လွင်၊ ဦးလှသိန်းဆွေ၊ ဦးအောင်ထွန်း၊ ဗဟိုကော်မတီဝင်များဖြစ်ကြသော ဦးနန္ဒာ လှမြင့်၊ ဦးစပ်အောင်မြတ်၊ ဦးဝင်းမြင့်၊ ကယားပြည်နယ်ပါတီဥက္ကဌ ဦးပိုးရယ်အောင်သိန်း၊ ပြည်နယ်အတွင်းရေးမှူး ဦးဌေးရယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးရီးချက်၊ ပြည်နယ်ကော်မတီဝင်များ၊ ဖရူဆိုမြို့နယ်ပါတီ ဥက္ကဌ၊ အတွင်းရေးမှူးနှင့် ကော်မတီဝင်များ၊ ရပ်ကွက်/ကျေးရွာစည်းရုံးရေးမှူးနှင့် အဖွဲ့ဝင်များ စုစုပေါင်း အင်အား (၆၀)ကျော်တက်ရောက်ကာ ညနေ(၅း၀၀)နာရီတွင် တွေ့ဆုံပွဲ အောင်မြင်စွာပြီးမြောက်ကြောင်း သိရှိရသည်။

# လမင်းချစ်သူ