ပြည်ခိုင်ဖြိုးပါတီမှကြီးမှူး၍ သိုင်းပညာသင်တန်းဖွင့်

 

ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကြီးမှူး၍ မြန်မာ့ရိုးရာ အခြေခံကိုယ်လုံပညာ (သိုင်း) သင်တန်းအမှတ်စဉ် (၁) သင်တန်းဖွင့်ပွဲ အခမ်းအနားကို သာကေတမြို့နယ်တွင် ယမန်နေ့ ညနေ ၄နာရီက ပြုလုပ်ခဲ့သည်။

အဆိုပါ သင်တန်းဖွင့်ပွဲ အခမ်းအနားတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုကော် မတီဝင်တိုင်းဒေသကြီး ပါတီအတွင်းရေးမှူး ဦးသာဝင်းက အမှာစကားပြောကြားခဲ့သည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ သာကေတမြို့နယ်မှ ကြီးမှူးဖွင့်လှစ် သည့် မြန်မာ့ရိုးရာ အခြေခံကိုယ်လုံပညာ (သိုင်း) သင်တန်းတွင် သင်တန်းသား၊ သင်တန်းသူ ဦးရေ ၃ဝ တက်ရာက်သင်ကြားလျက်ရှိကြောင်း သိရသည်။

ထက်မြက်အောင်