ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေး ရှမ်းပြည်နယ်ရှိ ပြည်နယ်၊ ခရိုင်၊ မြို့နယ် ရပ်ကျေးကော်မတီဝင် ပါတီဝင်များ နှင့် တွေ့ဆုံ

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့် ရှမ်းပြည်နယ်ရှိ ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ရပ်ကျေး ကော်မတီဝင်၊ ပါတီဝင်များ တွေ့ဆုံပွဲကို မတ်လ (၆) ရက် ညနေ ၄ နာရီတွင် ရှမ်းပြည်နယ် တောင်ကြီးမြို့ရှိ ရှမ်းပြည်နယ်(တောင်ပိုင်း) ပြည်ခိုင်ဖြိုးပါတီရုံး၌ ကျင်းပခဲ့သည်။

တွေ့ဆုံပွဲတွင် မြို့နယ်ပါတီဥက္ကဋ္ဌများက ပါတီတွင်းလှုပ်ရှားမှုများကို ဦးစွာတင်ပြခဲ့ပြီး ခရိုင်ပါတီဥက္ကဋ္ဌများက ဆက်လက်တင်ပြခဲ့သည်။ ထို့နောက် ရှမ်းပြည်နယ်ပါတီဥက္ကဋ္ဌက ရှမ်းပြည်နယ်အတွင်း ပါတီ၏အခြေအနေကို ခြုံငုံ သုံးသပ်တင်ပြခဲ့သည်။

ထို့နောက် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးက လမ်းညွှန် အမှာစကားပြောကြားခဲ့သည်။

တွေ့ဆုံပွဲသို့ ပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးနှင့်အတူ ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်း၊ ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များ၊ ပြည်နယ် ဥက္ကဋ္ဌ၊ ခရိုင်၊မြို့နယ် ဥက္ကဋ္ဌများ၊ ရပ်ကျေးကော်မတီဝင်များ၊ ပါတီဝင်များ စုစုပေါင်း ၁၅ဝခန့် တက်ရောက်ခဲ့ကြပြီး တွေ့ဆုံပွဲ အခမ်းအနားကို ညနေ ၆ နာရီတွင် အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

မင်းဟိန်း