အလုံမြို့နယ်ပြည်ခိုင်ဖြိုး မဲဆွယ်စည်းရုံးရေးကွင်းဆင်းဆောင်ရွက်

 

ရန်ကုန်တိုင်းဒေသကြီး အလုံမြို့နယ် ပြည်ခိုင်ဖြိုးပါတီ မြို့နယ် ပါတီကော်မတီဥက္ကဋ္ဌဦးကျော်သူရနှင့် မြို့နယ်ပါတီကော်မတီဝင် များသည် ဖေဖော်ဝါရီ ၂၆ ရက် နံနက်ပိုင်းတွင် ဧရာဝတီရပ်ကွက် သို့လည်းကောင်း၊ ညနေ ၄ နာရီတွင် အလုံမီးရထားရပ်ကွက်သို့ လည်းကောင်း အဖွဲ့များခွဲလျက် လွှတ်တော်ကိုယ်စားလှယ်လောင်း ၏ကိုယ်ရေးရာဇဝင်လက်ကမ်းစာစောင်များ တစ်အိမ်တက်ဆင်း ဝေငှခဲ့ကြောင်း သိရသည်။

ထိန်ဝင်း(YGN)