ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေး ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်ခရိုင် အတွင်းရှိ ခရိုင်နှင့်မြို့နယ်များမှ ပါတီတာဝန်ရှိသူများအား တွေ့ဆုံ

 

လောက်ကိုင်၊ ဇွန် ၂၇

ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေး ပါတီဥက္ကဋ္ဌ ဦးသန်း ​ဌေးသည်​ ဇွန်လ ၂၆ ရက်နေ့ နံနက် ၁၀ နာရီက ​ကိုးကန့် ကိုယ်​ပိုင်​အုပ်​ချုပ်​ခွင့်​ရ​ဒေသ၊ လောက်​ကိုင်​ခရိုင်​ ပြည်​ခိုင်​ဖြိုးပါတီရုံး ခန်းမတွင်​ ခရိုင်​အတွင်းရှိ ခရိုင်​နှင့်​မြို့နယ်​များမှ ပါတီတာဝန်​ရှိသူများအား ​တွေ့ဆုံ၍ အမှာစကား​ ပြောကြားခဲ့သည်​။

ထိုသို့​တွေ့ဆုံရာတွင်​ နိုင်​ငံ​တော်​သီချင်း သီဆို၍ နိုင်​ငံ​တော်​အလံအား အ​လေးပြု၍ ပြည်​ခိုင်​ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးမှ စတင်​ပြီး ​လောက်​ကိုင်​ခရိုင်​ အတွင်းရှိ ခရိုင်​နှင့်​မြို့နယ်​များမှ ပါတီတာဝန်​ရှိသူများ အ​နေဖြင့်​ တစ်​ဦး ချင်းစီ မိတ်ဆက်စကား​များ​ ပြောကြားခဲ့သည်​။ ဆက်​လက်​၍ ​ကိုးကန့်​ကိုယ်​ပိုင်​အုပ်​ချုပ်​ခွင့်​ရ​ဒေသ၊ လောက်​ကိုင်​ခရိုင်​အတွင်း ပါတီလုပ်​ငန်း​ ဆောင်​ရွက်​ထားရှိမှု အ​ခြေအ​နေများနှင့်​ဒေသအ​ခြေအ​နေများအား တာဝန်​ရှိသူများက အသီးသီးတင်​ပြ​ ဆွေး​နွေးခဲ့ကြသည်​။

ထို့​နောက်​ ပြည်​ခိုင်​ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်း​ဌေးမှ တင်​ပြ​ဆွေး​နွေးလာမှုများအ​ပေါ် ဖြည့်​စွက်​ရှင်းလင်း​ပြောကြား ခဲ့သည်​။ ထိုသို့​တွေ့ဆုံရာသို့ ပြည်​ခိုင်​ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်း​ဌေးနှင့်​အတူ ပါတီအ​ထွေ​ထွေအတွင်း​ရေးမှူး ဦးသက်​နိုင်​ဝင်း၊ ပါတီဗဟိုအလုပ်​အမှု​ဆောင်များ ဖြစ်​ကြ​သော ဦးဝဏ္ဏ​မောင်​လွင်​နှင့်​ ရှမ်းပြည်​နယ်​ပြည်​ခိုင်​ဖြိုး ပါတီဥက္ကဋ္ဌ ဦးစိုင်းသန်းဝင်း၊ ပါတီဗဟိုအတိုင်​ပင်​ခံ၊ ရှမ်းပြည်​နယ်​​မြောက်​ပိုင်း နယ်​​မြေတာဝန်​ခံ ဦးအောင်​သန်းထွဋ်​၊ ရှမ်းပြည်နယ်​ ပြည်​ခိုင်​ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦး​အောင်​သူ၊ လွှတ်​​တော်​ကိုယ်​စားလှယ်​များ၊ ပြည်​နယ်​ပါတီ​ကော်​မတီ ဝင်​များ၊ ကိုးကန့်​ကို​ယ်​ပိုင်​အုပ်​ချုပ်​ခွင့်​ရ​ဒေသရှိ တိုင်းရင်းသား​ ခေါင်း​ဆောင်​များ၊ ခရိုင်​နှင့်​လောက်​ကိုင်​၊ ကုန်းကြမ်း၊​မော်​ထိုက်​၊ ချင်း​ရွှေ​ဟော်​စသည့်​ မြို့နယ်​များမှ ပါတီဥက္ကဋ္ဌများ၊ အတွင်း​ရေးမှူးများ၊ ပါတီကော်​မတီဝင်​များ၊ ရပ်​/​ကျေး စည်းရုံး​ရေးမှူးများ တက်​​ရောက်​ခဲ့​ကြောင်း သိရသည်​။