ဖရူဆိုမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မဲရုံကိုယ်စားလှယ် အကူကိုယ်စားလှယ်(၁/၂ဝ၁၇)သင်တန်းဖွင့်လှစ်

 

ကယားပြည်နယ် ဖရူဆိုမြို့ နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီမှကြီးမှူး၍ မဲရုံကိုယ် စားလှယ်/အကူ ကိုယ်စားလှယ် သင်တန်း(၁/၂ဝ၁၇)ဖွင့်ပွဲအခမ်း အနားကို ယမန်နေ့ နံနက် ၉ နာရီ ၁၅မိနစ်က ဖရူဆိုမြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရုံးအစည်းအဝေးခန်းမ၌ ကျင်းပ ခဲ့သည်။

ပထမဦးစွာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဗဟို ကော်မတီဝင် ဦးလူရယ်ဖိုးလူက သင်တန်းဖွင့်အမှာစကားပြောကြား ပြီး သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ် သက်၍ ရွေးကောက်ပွဲမန်နေဂျာ၊ ပြည်နယ်ကော်မတီဝင် ဒေါ်မော် မော်ခိုင်က အသေးစိတ်ရှင်းလင်း ဆွေးနွေးသည်။ ထို့နောက် ပြည် နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးပိုးရယ် အောင်သိန်းက နိဂုံးချုပ်အမှာ စကားပြောကြားခဲ့ကြောင်း သိရ သည်။

၎င်း မဲရုံကိုယ်စားလှယ်/အကူ ကိုယ်စားလှယ်(၁/၂ဝ၁၇)သင်တန်း ကို ဖရူဆိုမြို့နယ် အမှတ်(၁) မဲဆန္ဒနယ်မြေမှ မဲရုံကိုယ်စား လှယ်များ၊ အကူကိုယ်စားလှယ် များ၊ ဆော်သြသူများ၊ မီဒီယာ အဖွဲ့များ အသီးအသီးတက်ရောက် ကာ လာမည့်ဧပြီ ၁ရက်ဆန္ဒမဲပေး မည့်နေ့တွင် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ၊ ဆောင်ရန် ရှောင်ရန်များ မီဒီယာကဏ္ဍများ အား သင်တန်းတွင် သက်ဆိုင်ရာ ဘာသာရပ်နည်းပြများက တစ်ရက် တာပို့ချသွားမည်ဖြစ်သည်။
ဖရူဆိုမြို့နယ်တွင် လာမည့် ၂ဝ၁၇ ခုနှစ် ဧပြီ ၁ ရက်တွင် ကျင်းပမည့်ကြားဖြတ်ရွေးကောက် ပွဲ မဲဆန္ဒနယ်မြေအမှတ်(၁)ပြည် နယ် လွှတ်တော်ကိုယ်စားလှယ် နေရာတွင် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသားတိုး တက်ရေးပါတီနှင့် လူမျိုးပေါင်းစုံ ဒီမိုကရေစီပါတီ(ကယားပြည်နယ်) စသည့်ပါတီသုံးပါတီမှ ပါတီကိုယ် စားပြုကိုယ်စားလှယ်လောင်းများ က အသီးသီးဝင်ရောက်ယှဉ်ပြိုင် သွားမည်ဖြစ်သည်။

မမောင်(ချိကယ်သူ)