ဒုံးကျည်များကို သိမ်းဆည်းနိုင်သော အဆောက်အဦးများကို တောင်တရုတ်ပင်လယ်တွင် တရုတ်ဆောက်လုပ် ပြီးစီးလုနီးပြီဖြစ်ကြောင်း အမေရိကန်ဆို

အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကို စမ်းသပ်ခြင်းအနေဖြင့် တရုတ်နိုင်ငံသည် မြေပြင်မှ ဝေဟင်ပစ် တာဝေး ဒုံးကျည်များကို သိမ်းဆည်းရန် စီစဉ်ထားသည်ဟုယူဆရသော နှစ်ဒါဇင်နီးပါးခန့်ရှိသည့် အဆောက်အဦးများကို တောင်တရုတ်ပင်လယ်ရှိ ကျွန်းတုများပေါ်တွင် ဆောက်လုပ်ပြီးစီးလုနီးပါးရှိပြီဖြစ်ကြောင်း အမေရိကန် အရာရှိ နှစ်ဦးက ပြောကြားသည်။

အဆိုပါ အဆောက်အဦးများ ဆောက်လုပ်ပြီးစီးမှုကို အမေရိကန်အနေဖြင့် မည်ကဲ့သို့တုန့်ပြန်မည်ကို မေးခွန်း ထုတ်လျှက်ရှိပြီး တောင်တရုတ်ပင်လယ်တွင် တရုတ်အပေါ် မည်ကဲ့သို့ ထိထိရောက်ရောက် အရေးယူမည်ကို နိုင်ငံတကာက သိလိုလျှက်ရှိသည်။ ကမ္ဘာ့ရေကြောင်းသွားလာမှု တတိယအများဆုံး တောင်တရုတ်ပင်လယ်ပြင် ၏ အစိတ်အပိုင်းအများစုကတရုတ်နိုင်ငံက ၄င်းတို့ပိုင်ဆိုင်ကြောင်း ပြောဆိုထားပြီး ဖြစ်သည်။

ဘရူနိုင်း၊ မလေးရှား၊ ဖိလစ်ပိုင်၊ ထိုင်ဝမ်နှင့် ဗီယက်နမ်နိုင်ငံတို့ကလည်း ၎င်းတို့ပိုင်ဆိုင်ကြောင်း ပြောဆိုထား သည်။ ထရန့်၏ အစိုးရက တောင်တရုတ်ပင်လယ်တွင် တရုတ်၏ ဆောက်လုပ်ရေးလုပ်ငန်းများသည် တရား မဝင်ကြောင်း ပြောဆိုထားပြီး ဖြစ်သည်။

Ref:Reuters