တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ အခမ်းအနားမှူးသင်တန်းသို့ တက်ရောက်အမှာစကားပြောကြား

မန္တလေးခရိုင် ပြည်ခိုင်ဖြိုးပါတီမှ ဦးစီးဖွင့်လှစ်သော အခမ်း အနားမှူးသင်တန်းဖွင့်ပွဲကို ဖေဖော်ဝါရီ (၁၉) ရက် နံနက် ၉ နာရီက တိုင်းဒေသကြီး ပါတီအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ ဗဟိုအလုပ်အမှုဆောင်၊ မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးဝင်းမောင် တက်ရောက်အမှာစကား ပြောကြားသည်။

ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးဝင်းမောင်နှင့် အတူ တိုင်းဒေသကြီးပါတီ ကော်မတီဝင်များ၊ ခရိုင်ဥက္ကဋ္ဌဦးဘိုသင်း နှင့် ခရိုင်ကော်မတီဝင်များ၊ (၇) မြို့နယ်ပါတီဥက္ကဋ္ဌများနှင့် သင်တန်းသားများ တက်ရောက် ခဲ့ကြောင်း သိရသည်။

ယခုဖွင့်လှစ်သည့်သင်တန်းသို့ အောင်မြေသာစံ၊ ချမ်းအေးသာစံ၊ မဟာအောင်မြေ၊ ချမ်းမြသာစည်၊ ပြည်ကြီး တံခွန်၊ အမရပူရနှင့်ပုသိမ် ကြီးစသည့် မြို့နယ် ခုနစ်မြို့နယ် မှ သင်တန်းသား ၃၅ ဦး တက်ရောက် သင်ကြား မည်ဖြစ်ကြောင်း သိရသည်။

သုတ