လွတ်လပ်ရေးနေ့အထိမ်းအမှတ် လူငယ်လှုပ်ရှားမှုအားကစားပြိုင်ပွဲ များ ပြုလုပ်

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒဂုံမြို့သစ် (အရှေ့ ပိုင်း)မြို့နယ် မြို့နယ်ပါတီကော်မ တီသည် (၆၉)နှစ်မြောက် လွတ် လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် လွတ်လပ်ရေးနေ့အထိမ်း အမှတ်လူငယ်လှုပ်ရှားမှု ပိုက်ကျော် ခြင်းခတ်ပြိုင်ပွဲအား မြို့နယ်ပါတီ ရုံး အားကစားကွင်း၌ ယမန်နေ့ နံနက် ၇နာရီတွင် ကျင်းပခဲ့သည်။
အားကစားပြိုင်ပွဲအခမ်းအနား ကို နံနက် ၈နာရီတွင် စတင်ကျင်းပ ရာ မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများမှ ပြိုင်ပွဲဝင်အသင်း ၁ဝ သင်းဖြင့် ပတ်လည်ပြိုင်ပွဲများ ကျင်းပပေးပြီး ဗိုလ်လုပွဲတက် ရောက်သွားသည့် အမှတ်(၉)ရပ် ကွက်မှ ဦးမင်းမင်းအောင်ဦးဆောင် သည့် အသင်းနှင့် အမှတ်(၁၃)ရပ် ကွက်မှ ဦးပီတာ ဦးဆောင်သည့် အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ အမှတ်(၉)ရပ်ကွက်အသင်းမှ နှစ်ပွဲ ပြတ်ဖြင့်အနိုင်ရရှိပြီး ပထမဆုကို ရရှိခဲ့သည်။ ထို့နောက် ဆုရရှိသည့် အသင်းများအား ပါတီတာဝန် ရှိသူများက ဆုများအသီးသီးပေး အပ်ချီးမြှင့်ကြပြီး အားကစားပြိုင်ပွဲ နှင့် ဆုပေးပွဲအခမ်းအနားကို ညနေ ၄ နာရီခွဲတွင် အောင်မြင်စွာပြီးစီး ခဲ့သည်။
ယမန်နေ့ကျင်းပသည့်လွတ်လပ် ရေးနေ့အထိမ်းအမှတ် ပိုက်ကျော် ခြင်းခတ်ပြိုင်ပွဲကို မြို့နယ်ပါတီ ဥက္ကဋ္ဌ ဦးမြင့်ခိုင်နှင့် မြို့နယ်ပါတီ ကော်မတီဝင်များ၊ ရပ်ကွက်နှင့် ကျေးရွာပါတီဝင်များ၊ ပိုက်ကျော် ခြင်းခတ်ဝါသနာရှင် အားကစား သမားများစုပေါင်းကျင်းပသည့် ပြိုင်ပွဲဖြစ်ပြီး ပြိုင်ပွဲအခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီ ပါတီအရန်ဗဟိုကော် မတီဝင် ရန်ကုန်(အရှေ့ပိုင်း)ခရိုင် အတွင်းရေးမှူး ဒေါက်တာကျော်စိုး နှင့် ရပ်ကွက်နှင့်ကျေးရွာများမှ အားကစား ဝါသနာရှင်ပြည်သူများ လာရောက်အားပေးခဲ့ကြပြီး ဆုရရှိ သည့်အသင်းများကို ပြည်သူ့လွှတ် တော်ကိုယ်စားလှယ်လောင်း ဦးနေ လင်းက ပထမဆု ကျပ်၃ဝဝဝဝ၊ ဒုတိယဆု ကျပ်၂ဝဝဝဝ၊ တတိယ ဆု ကျပ်၁ဝဝဝဝ အသီးသီးချီးမြှင့် ခဲ့သည်။

လှမျိုး(ဒဂုံအရှေ့)