ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဦးသန်းဌေးမှ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်နိုင်ငံ သံအမတ်ကြီး H.E.Mr.Christian LECHERVY အား လက်ခံတွေ့ဆုံ

 

သြဂုတ် ၁၈၊ နေပြည်တော်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဦးသန်းဌေးသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်နိုင်ငံသံအမတ်ကြီး H.E. Mr.Christian LECHERVY အား သြဂုတ်လ (၁၈) ရက်နေ့၊ (၁၄း၃၀) နာရီအချိန်တွင် နေပြည်တော်၊ ပြည်ခိုင်ဖြိုးပါတီ ဌာနချုပ်၊ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် နှစ်နိုင်ငံချစ်ကြည်ရေး၊ နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု အခြေအနေ များ၊ ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲ ဆိုင်ရာများအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ပါသည်။

တွေ့ဆုံပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ ပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့်အတူ အထွေထွေအတွင်း ရေးမှူး ဦးသက်နိုင်ဝင်း၊ ဗဟိုအတွင်းရေးမှူး ဒေါက်တာကျော်ကျော်ဌေး၊ ဗဟိုအလုပ်အမှုဆောင် ဦးဝဏ္ဏမောင်လွင် နှင့် ဗဟိုကော်မတီဝင် ဒေါက်တာနန္ဒာလှမြင့်တို့ တက်ရောက်ခဲ့ကြပြီး ပြင်သစ်နိုင်ငံသံအမတ်ကြီး H.E. Mr. Christian LECHERVY နှင့်အတူ အဖွဲ့ဝင် (၁) ဦး တက်ရောက်ခဲ့ပါသည်။