ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် စစ်ကိုင်းတိုင်းဒေသကြီးပါတီဥက္ကဌ ဒေါက်တာမြင့်သိန်း မုံရွာမြို့နယ် ပါတီကော်မတီဝင်များနှင့်တွေ့ဆုံ

 

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် စစ်ကိုင်းတိုင်းဒေသကြီးပါတီဥက္ကဌ ဒေါက်တာမြင့်သိန်း သည် မုံရွာမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး အစည်းအဝေးခန်းမ ၌ ဇူလိုင် (၁၇) ရက် (၂၀၁၈) နေ့  နံက် (၁၁:၃၀) အချိန်တွင် မုံရွာမြို့နယ် ပါတီကော်မတီဝင်များနှင့် တွေ့ဆုံခဲ့ပါသည်။
ယင်းသို့ တွေ့ဆုံရာ၌ ဗဟိုအလုပ်အမှုဆောင် တိုင်းပါတီဥက္ကဌ ဒေါက်တာ မြင့်သိန်းမှ ပါတီလုပ်ငန်းတာဝန်များကို စည်မျဉ်းစည်းကမ်းနှင့်အညီ ပါတီတွင်းစည်လုံးညီညွတ်ရေး ၊ ပါတီဝင်အင်အား တိုးပွားရေး ၊ ပါတီအောင်နိုင်ရေး စည်းရုံးဆောင်ရွက်မှုများကို ယခင်ထက် ပိုမိုကြိုးစားဆောင်ရွက်ကြရမှာဖြစ်ပါသည်။ ၎င်းအပြင် နိုင်ငံတွင် ယနေ့ဖြစ်ပေါ်လျက်ရှိသော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ဘာသာရေး ဖြစ်စဉ်များကို ရှင်းလင်းမှာကြားခဲ့ပါသည်။
၎င်းနောက် တိုင်းပါတီကော်မတီဘဏ္ဍရေးမှူး ဒေါ်သိဂီ င်္ဝင်းရွှေ၊ တိုင်းကော်မတီ လုပ်ငန်းစီစစ်ရေး ဒေါ်ယဉ်မာဝင်းနှင်အဖွဲ့မှ ပါတီလုပ်ငန်းစီစစ်ရေး လုပ်ငန်းများ ဆောင်ရွက်ကြလျက်ရှိပါသည်။
ခရိုင်ပါတီဥက္ကဌ ဦးအောင်တိုးမှလည်း အမျိုးသားရေးလှုပ်ရှားမှု အရောင်ပြောင်းစီမံချက်မှ တဆင့် အခြေခံအစုအဖွဲ့  ဖွဲ့စည်းထားရှိမှု ယခင်နှင့်ယခု ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြသည်။
ထိုတွေ့ဆုံပွဲသို့  ဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီးပါတီဥက္ကဌေ ဒါက်တာမြင့်သိန်းနှင့် တိုင်ကော်မတီဝင်များ ၊ ခရိုင် ဥက္ကဌ ဦးအောင်တိုးနှင့် ခရိုင် ကော်မတီများ ၊ မြို့နယ်ဥက္ကဌ ဦးကျော်ဝင်းနှင့် မြိနယ်ကော်မတီဝင်များ (၃၀) ဦး တက်ရောက်ကြောင်းသိရှိရပါသည်။

လင်း ခေတ်သွေး