ဂျပန်ရုပ်ရှင်ပွဲတော် မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်ကျင်းပမည်

အာရှနိုင်ငံများတွင် ပြုလုပ်လေ့ရှိသည့် ဂျပန်ရုပ်ရှင်ပွဲတော်ကို မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် ကျင်းပမည်ဟု သတင်းရရှိသည်။

 

ဂျပန်ရုပ်ရှင်ပွဲတော်ကို ဇန်န၀ါရီ ၁၃ ရက်မှ ၁၉ ရက်အထိ ပြုလုပ်မည်ဖြစ်ပြီး ရုပ်ရှင်ဇာတ်ကားများနှင့် အန်နီမေးရှင်း ဇာတ်ကားများကို အခမဲ့ပြသမည်ဖြစ်သည်။

ဇန်န၀ါရီ ၁၃ ရက် ညနေ ၅ နာရီတွင် နေပြည်တော်ရုပ်ရှင်ရုံ၌ ရုပ်ရှင်ပွဲတော်ဖွင့်ပွဲပြုလုပ်မည်ဖြစ်ပြီး ၂၀၁၅ အတွင်း က ဂျပန်နိုင်ငံတွင် အောင်မြင်မှုရရှိခဲ့သည့် Bakuman ဇာတ်ကားကို အဖွင့်ရုပ်ရှင်အဖြစ် ပြသမည်ဖြစ်သည်။

ရုပ်ရှင်ပွဲတော်တွင် ဇာတ်လမ်းရုပ်ရှင် ၁၁ ကားနှင့် အန်နီမေးရှင်းဇာတ်လမ်းတို ၁၈ ကားပြသမည်ဖြစ်ပြီး လက်မှတ် များကို ပွဲချိန်မတိုင်မီ တစ်နာရီတွင် စတင်ထုတ်ယူနိုင်မည်ဖြစ်သည်။

ရုပ်ရှင်ပွဲတော်သို့ ဇာတ်ကား ဖန်တီးသူများလည်း တက်ရောက်ကြမည်ဖြစ်ပြီး ဆွေးနွေးသည့် အစီအစဉ်များလည်း ပါဝင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

ဂျပန်ရုပ်ရှင်ပွဲတော်ကို ၂၀၀၄ တွင် စတင်ကျင်းပပြုလုပ်ခဲ့ပြီး ယခင်နှစ်များက ကိုရီးယား၊ ဗီယက်နမ်၊ တူရကီ၊ စင်ကာပူ၊ တရုတ်၊ အိန္ဒိယနှင့် အင်ဒိုနီးရှားစသည့် နိုင်ငံတို့၌ ပြုလုပ်ခဲ့သည်။

# 7 Day Daily