“ဇွန်လထုတ် ရတီမဂ္ဂဇင်းမှာ ပါဝင်တဲ့ စောလားထော်ဝါး ရဲ့ Music Diary”

ဒီတစ်လရဲ့ Music Diary  မှာတော့ မကြာ သေးခင်ကမှ ပရိသတ်တွေရဲ့ ချစ်ခင်အားပေး ရွေးချယ်မှုတွေနဲ့ အနုပညာစင်မြင့်ပေါ်ရောက်ရှိ လာခဲ့ကြတဲ့ Myanmar Idol Season 1 ရဲ့ မျိုးဆက်သစ် ဂီတလူငယ်လေးတွေရဲ့Diary လေးကို တင်ဆက်ပေးလိုက်ပါတယ်။ စောလား ထော်ဝါး၊ နင်ဇီမေ၊ M ဇော်ရိန်တို့ ၃ ဦးဟာ အခုချိန်မှာတော့ ကိုယ်စီကိုယ်စီ အနုပညာ ပြေးလမ်းတွေနဲ့ ပရိသတ်တွေရှေ့မှောက်ကို ပြန်လည်ရောက်ရှိလာကြတော့မှာပါ။ သီချင်းဆို ပြိုင်ပွဲကနေ အောင်မြင်လာခဲ့ကြတဲ့ သူတို့သုံး
ယောက်ရဲ့ မကျော်ကြားခင်က ဖြတ်သန်းမှုတွေ၊ အမှတ်တရသီချင်းလေးတွေ၊ ဂီတအပေါ်ခံယူ ချက်၊ ခံစားချက်တွေပေါင်းစည်းထားတဲ့ Music Diary ကို သူတို့ရဲ့အပြုံး ကိုယ်စီနဲ့ ဖွင့်လှစ်ရေး သားလိုက်တဲ့အခါမှာတော့ …

စောလားထော်ဝါး

အခုလောလောဆယ်တော့ ဘာလှုပ်ရှားမှု မှ မလုပ်ဖြစ်သေးပါဘူး။ ဆရာဥက္ကာဦးသာစီစဉ် ပေးတဲ့Idol က ၁၁ ယောက် အခွေအတွက် တော့ လုပ်နေတာတွေ ရှိပါ တယ်။ ကမ်းလှမ်း ချက်တွေလည်း ရှိတယ်။ ဒါပေမဲ့ လက်မခံဖြစ် သေးပါဘူး။ ကျွန်တော် Myanmar Idol မှာ ဝင်မပြိုင်ခင်ကတည်းက တခြားပြိုင်ပွဲတွေမှာ တော့ ဝင်ပြိုင် ဖူးပါသေးတယ်။ သီချင်းတွေ နားထောင်တယ်၊ လေ့လာတယ်။Myanmar Idol  မပြိုင်ခင်ကတည်းက ကိုယ်နဲ့လိုက်ဖက်တဲ့ သီချင်းတွေကို သေချာရွေးထားဖြစ်ခဲ့တယ်။ ကျွန်တော်ကRock သီချင်းကြိုက်ပေမဲ့ ကျွန်တော့်ရဲ့အသံက Rock နဲ့ မလိုက်ဘူး။ ဒါကြောင့် Slow Rock တွေ၊ Pop  တွေဆိုတာ များပါတယ်။

ကျွန်တော့်အတွက် အမှတ်တရအဖြစ်ဆုံး၊ လေ့ကျင့်ရတာ အခက်ခဲဆုံးသီချင်းကတော့ ‘မနိုးပါစေနဲ့ မိုးရယ်’ ဆိုတဲ့ သီချင်းပါပဲ။ အဲဒီ သီချင်း က ကျွန်တော့်အတွက်   တော်တော်လေး ကို ခက်ခဲတဲ့သီချင်းတွေထဲမှာ ပါတယ်။ အဲဒီ အချိန်က အရမ်းစိတ်လှုပ်ရှားပြီးတော့ စာသား တွေတောင် မေ့သေးတယ်။ အဲဒီသီချင်းရဲ့ Notes  တွေက တအားစိပ်တယ်။ သံစဉ်အသွား အလာတွေကလည်း အရမ်းခက်ခဲတယ်။ ဒါပေမဲ့ ကျွန်တော်ကတော့ အကောင်းဆုံးဖြစ် အောင် ယှဉ်ပြိုင်ခဲ့ပါတယ်။

ကျွန်တော့်ရဲ့ အားနည်းချက်များစွာထဲမှာ  စကားလုံးမပီသတာလည်း ပါတယ်။ ကိုယ်တိုင် က တိုင်းရင်းသားတစ်ယောက်ဖြစ်တော့လည်း အရမ်းအစိုးရိမ်လွန်တယ်။ စကားကလည်း သိပ်မပီဘူး။ စကားပြောတာနဲ့ သီချင်းဆိုတာမှာ ကျွန်တော့်အတွက် သီချင်းဆိုတာက ပိုပြေပြစ် တယ်။ စကားပြောရတာက သိပ်မပီပြင်ဘူး။ ဒါပေမဲ့ အကောင်းဆုံးဖြစ်အောင်တော့ ကျွန်တော် ကြိုးစားခဲ့ပါတယ်။ ကျွန်တော့်ကို လည်း ပရိသတ်တွေ နားလည်ပေးကြစေချင်ပါ တယ်။ ကိုယ်ဝါသနာပါတဲ့ အလုပ်ဆိုတော့ လည်း ကြိုးစားပြီးတော့ လုပ်သွားမှာပါ။ အနုပညာ အလုပ်သာမလုပ်ဖြစ်ခဲ့ရင် ကျွန်တော့်ရဲ့မွေး ရပ်မှာပဲ လယ်သမားတစ်ယောက် ဖြစ်နေလိမ့် မယ်လို့ စဉ်းစားမိပါတယ်။ ဒါပေမဲ့ ကျွန်တော် လည်း အဆိုတော်တစ်ယောက် ဖြစ်ချင်တယ်၊ ဝါသနာပါလို့ပဲ ကြိုးစားဖြစ်ခဲ့တယ်၊ အဆင်ပြေ အောင်လည်း ဆုတောင်းတယ်။ ဆုတောင်း တာကလည်း ကျွန်တော့်အတွက် အရေးကြီးတဲ့ ကိစ္စတစ်ခုပါပဲ။ အသားကုန် ဆုတောင်းတယ်။ ကိုယ်ဝါသနာပါတဲ့အလုပ်ကလည်း ဒီတစ်ခုပဲ ရှိတယ်လေ။ ကြိုးစားအားထုတ်မှုကတော့ လိုတာပေါ့။ ဒီအနုပညာအလုပ်ကလွဲပြီး တခြားအလုပ်လည်း ကျွန်တော်မလုပ်တတ်ဘူး။ လယ်သမားမိဘကနေ ဆင်းသက်လာရတော့ လယ်သမားပဲ လုပ်ဖြစ်လိမ့်မယ် လို့ အရင်က ထင်ထားခဲ့တာပါ။ ဒါပေမဲ့ အခုတော့ ကျွန်တော် ချစ်တဲ့ အနုပညာအလုပ်ကို လုပ်နေရပါပြီ။

Idol  ဝင်မပြိုင်ခင်မှာကတည်းက အဆို ရော၊ အတီးရောကို ဝါသနာပါပါတယ်။ လက် လှမ်းမီသလောက် ကျွန်တော် ကြိုးစားကြည့်ခဲ့ တယ်။ ရိုးရိုးသားသားနဲ့ပဲ ပြိုင်ပွဲကို ဝင်ပြိုင်ခဲ့ပါ တယ်။ ဒါကြောင့်မို့လည်း တခြား ဘာမှကို မမျှော်လင့်ခဲ့ပါဘူး။Myanmar Idolက ကျွန်တော့်အတွက် စီးရီးထုတ်ပေးမယ်။ အဲဒီ တစ်ခွေတော့ အခုချိန်မှာ လုပ်ဖြစ်နေတယ်။ အခုတော့ တူရိယာအားလုံးကို တီးခတ်ချင်တဲ့ အတွက် ကျွန်တော် တတ်နိုင်သလောက်လေးနဲ့ ဂစ်တာတွေ၊Piano  တွေဝယ်ချင်တယ်၊ စုလည်း စုထားပါတယ်။ Recordingတွေ ဘာတွေလုပ်ဖို့ သက်သက်မဟုတ်ဘဲနဲ့ ဝါသနာ ပါလို့ကို အိမ်မှာတီးမယ်၊ ဆိုမယ်၊ လေ့ကျင့် မယ်။

Myanmar Idol Season 1  မှာ ကျွန်တော့် ကိုWinner  တစ်ယောက်ဖြစ်အောင် အားပေး ခဲ့ကြတဲ့ အားပေးတာထက်ပိုပြီး ချစ်ခင်ခဲ့ကြတဲ့ အတွက် အားလုံးကို ကျွန်ေ တာ်  ကျေးဇူးတင်ပါ တယ်။ ကျွန်တော်လည်း ဒီအနုပညာလုပ်ငန်းကို ဝါသနာပါတဲ့အတွက် အကောင်းဆုံးဆက်လုပ် သွားမှာပါ။ အခက်အခဲတွေကတော့ ကြုံတွေ့ ရပါ တယ်။ အကောင်းဆုံးဖြတ်သန်းနိုင်မယ်လို့ တော့ ယုံကြည်ပါတယ်။ ဒါကြောင့် ကျွန်တော့် ကို ဆုတောင်းခြင်းနဲ့ သတိရပေးကြပါလို့ ပြောချင်ပါတယ်။


Leave a Reply