ဗင်းနစ်ရုပ်ရှင်ပွဲတော်မှာ ရွှေခြင်္သေ့ဆုရသွားတဲ့ The Woman Who Left ဇာတ်ကား

ဗင်းနစ်ရုပ်ရှင်ပွဲတော်တွင် ဒါရိုက်တာ လေ့ဗ်ဒိုက်ဇ်၏ အဖြူ၊ အမည်း ရိုက်ကူးထားသော လက်စားချေဇာတ်လမ်း The Woman Who Left က ရွှေခြင်္သေ့ ဆု ရရှိခဲ့သည်။

untitled-1_1

‘‘ဒီရုပ်ရှင်ကို ကျွန်တော် ဖိလစ်ပိုင်ပြည်သူတွေအတွက်၊ သူတို့ရဲ့ ရုန်းကန်မှုအတွက်၊ လူသားမျိုးနွယ်ရဲ့ ရုန်းကန်မှု အတွက် ရည်ညွှန်းပါတယ်’’ဟု ရွှေခြင်္သေ့ဆုကို လက်ခံရယူစဉ် ဒါရိုက်တာ ဒိုက်ဇ်က ပြောသည်။

အကောင်းဆုံး အမျိုးသား သရုပ်ဆောင်ဆုကို ဟာသဇာတ်ကား The Disting guished Citizen တွင် နိုဗယ် ငြိမ်းချမ်းရေးဆုရ စာရေးဆရာအဖြစ် သရုပ်ဆောင်ခဲ့သော အာဂျင်တီးနားမင်းသား အော်စကာမာတီနက်ဇ် က ရရှိခဲ့သည်။ အမေရိကန်ဂီတ ရုပ်ရှင် La La Land ဇာတ်ကားတွင် အဓိကနေရာမှ ပါဝင်သော အမေရိကန်မင်းသမီး အမ်မာစတုန်းသည် အကောင်းဆုံးအမျိုးသမီး သရုပ်ဆောင်ဆု ရရှိခဲ့သည်။

အကောင်းဆုံးဇာတ်ကား ငွေခြင်္သေ့ဆုကို ဒါရိုက်တာတွမ်ဖို့ဒ် ရိုက်ကူးသော Nocturnal Animals ဟု အမည်ရှိ လက်စား ချေချစ်ဇာတ်လမ်းက ရရှိခဲ့သည်။

ယခုနှစ် အကောင်းဆုံး ဒါရိုက်တာ ငွေခြင်္သေ့ဆုကို မက္ကဆီကိုနိုင်ငံမှ အေမတ်အက်က လန်တီနှင့် ရုရှားဒါရိုက်တာ ကွန်ချာလော့ဗ်စကီးတို့ ပူးတွဲရရှိခဲ့သည်။

Ref: BBC


Leave a Reply