ပြည်ခိုင်ဖြိုးပါတီ လူငယ်ရေးရာလှုပ်ရှားမှု ပိုက်ကျော်ခြင်း ပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကျင်းပ

၂.၁၂.၂၀၁၆ ရက်နေ့၊ နံနက်(၉း၀၀) နာရီတွင် ကယားပြည်နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးရှေ့ မြက်ခင်းပြင်တွင် လွိုင်ကော်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ကြီးမှူး၍ လူငယ်ရေးရာလှုပ်ရှားမှု ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ပါသည်။

၎င်းအခမ်းအနားတွင် ပါတီဗဟိုကော်မတီဝင်များဖြစ်ကြသော ဦးလူရယ် ဘိုးလူ၊ ဦးကိုရယ်နှင့် ပြည်နယ်ပါတီနာယကများ ကယားပြည်နယ် ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ဦးလှမျိုးဆွေ၊ ကယားပြည်နယ်ပါတီ ဥက္ကဌ ဦးပိုးရယ်အောင်သိန်း၊ အတွင်းရေးမှူး ဦးဌေးရယ်နှင့် ပြည်နယ်ကော်မတီ ၀င်များ၊ လွိုင်ကော်ခရိုင် ပါတီ ဥက္ကဌ ဦးမျိုးမြင့်ဦးနှင့် ခရိုင်ကော်မတီဝင်များ၊ လွိုင်ကော်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးမောင်ရွှေနှင့် မြို့နယ်ကော်မတီ ၀င်များ၊ ဒီးမော့ဆိုမြို့နယ် ပါတီဥက္ကဌ ဒေါ်နော်မေရီယန်နှင့် ကော်မတီဝင်များ၊ ဖရူဆိုမြို့နယ် ပါတီဥက္ကဌ ဦးစောဘွေဒိုနှင့် ကော်မတီဝင်များ၊ ပိုက်ကျော်ခြင်း ပြိုင်ပွဲအဖွဲ့ ဒိုင်များ၊ ရပ်ကွက်/ ကျေးရွာပိုက်ကျော်ခြင်းပြိုင်ပွဲ ၀င်ရောက် ယှဉ်ပြိုင်မည့် အားကစားအဖွဲ့(၂၈)ဖွဲ့မှ အားကစားသမားလူငယ်များ အသီးသီး တက်ရောက်ကြပါသည်။

ပထမဦးစွာ လွိုင်ကော်မြို့နယ်ပါတီတီ ဥက္ကဌ ဦးမောင်ရွှေမှ အဖွင့်အမှာစကား ပြောကြားရာတွင် ပြည်ခိုင်ဖြိုးပါတီသည် ပြည်သူ့ပါတီအဖြစ်ရပ်တည်သည်နှင့် အညီ လူငယ်ရေးရာ လှုပ်ရှားမှုအသွင်ဆောင်သည့် စည်းရုံးရေးတစ်ရပ်အဖြင့် လွိုင်ကော်မြို့နယ်အတွင်း ရှိ ရပ်ကွက်/ကျေးရွာများမှ လူငယ်များ တစ်ဦးနှင့် တစ်ဦး ချစ်ကြည်ရင်းနှီးမှုရရှိ စေရန်နှင့် စုပေါင်းဆောင်ရွက်တတ်စေရန် အနာဂါတ်အတွက်တိုင်းပြည်မှ အားထားရသော ကျန်းမာသန်စွမ်းပြီး နိုင်ငံ့ဂုဏ်ဆောင်နိုင်မည့် အားကစားသမား ကောင်း လူ့စွမ်းအားအရင်းအမြစ် ဖြစ်ပေါ်လာနိုင်ရေးအတွက် ရည်ရွယ်ပြီး ပိုက်ကျော်ခြင်း အားကစားပြိုင်ပွဲကို ကျင်းပရခြင်းဖြစ်ကြောင်း အကျယ်တစ်ဝင့် ပြောကြားသွားပါသည်။
ဆက်လက်ပြီး ပိုက်ကျော်ခြင်းပြိုင်ပွဲအဖွဲ့ဝင်(၂၈)ဖွဲ့နှင့်အတူ ပိုက်ကျော်ခြင်း ပြိုင်ပွဲဒိုင် ဦးသန်းဌေးအောင်မှ ဦးဆောင်ပြီး အားကစားအဓိဌာန်(၄)ချက် ရွတ်ဆိုပါ သည်။

ဆက်လက်ပြီး ကယားပြည်နယ်ပါတီ ဥက္ကဌ ဦးပိုးရယ်အောင်သိန်းမှ ဦးဆောင်၍ ပိုက်ကျော်ခြင်းပြိုင်ပွဲဝင် အဖွဲ့များ အား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကာ အားပေးစကားပြောကြားသွားပါကြောင်း ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို နံနက်(၁၀း၀၀)နာရီတွင် အောင်မြင်စွာ ပြီးစီးသွားပါကြောင်း၊ စုစုပေါင်းအင်အား(၂၀၀)ဦးတက်ရောက်ခဲ့ကြကြောင်း သိရသည်။

# လမင်းချစ်သူ


Leave a Reply