ကော့မှူးပြည်ခိုင်ဖြိုးပါတီပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ရွေးကောက်ပွဲအောင်နိုင်ရေး ကွင်းဆင်းစည်းရုံးဟောပြော

 

၂ဝ၁၇ကြားဖြတ်ရွေးကောက်ပွဲ အတွက်မဲဆွယ်စည်းရုံးရေးလုပ်ငန်း များမဲဆွယ်ကာလတွင် စဉ်ဆက် မပြတ် ဆောင်ရွက်လျက်ရှိရာ ကော့မှူးမြို့နယ် ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးကျော်ဇင်ဟိန်းသည် ယမန်နေ့ နံနက် ၉နာရီခွဲတွင် ရန်ကုန်တိုင်း ဒေသကြီး ကော့မှူးမြို့နယ်အနောက် ခြမ်းတိုက်နယ် ပုပ္ပားကျေးရွာ အုပ်စုဒေါ်တင်တင်အေး၏ နေအိမ် တွင် ဟောပြောပွဲပြုလုပ်ခဲ့သည်။
စည်းရုံးဟောပြောပွဲတွင်ကော့မှူး မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်လောင်း ဦးကျော်ဇင်ဟိန်းက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီသည် အမျိုးသားရေးကို အခြေခံသောပါတီဖြစ်သောကြောင့် မျိုးစောင့်ဥပဒေကိုလည်း အတည် ပြုပေးခဲ့ပြီးဖြစ်ကြောင်း၊ ပြည်ခိုင် ဖြိုးပါတီသည် အမျိုးဘာသာ သာသနာကိုထိန်းသိမ်းစောင့်ရှောက် သောပါတီဖြစ်ကြောင်း၊ ယနေ့ဝင် ရောက် အရွေးချယ်ခံခြင်းသည် လည်း မိမိဒေသဖွံ့ဖြိုးတိုးတက်စေ ရန် ဒေသသားတိုင်းမှာ တာဝန်ရှိ သကဲ့သို့ ဒေသသားဖြစ်သည့် အတွက်လည်းတာဝန်ယူရန်၊ဆောင် ရွက်နိုင်ရန်၊ ကျွန်တော့်ကို တာဝန် ပေးပါဟု ပွင့်လင်းစွာ တောင်းဆို ကြောင်း၊ ယနေ့ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ မူဝါဒ နှင့်အညီ၊ ”ကမ္ဘာတည်နေသရွေ့ မြန်မာပြည်ကြီး တည်ရှိနေရမည်။ မြန်မာပြည် တည်ရှိနေသရွေ့ ပြည် ခိုင်ဖြိုးပါတီတည်ရှိနေရမည်။ ပြည် ခိုင်ဖြိုးပါတီတည်ရှိနေသရွေ့ အမျိုး ဘာသာသာသနာ မပျောက်စေရ၊ မြန်မာနိုင်ငံ၏ပိုင်နက်နယ်မြေ တစ် လက်မမှ မဆုံးရှုံးစေရ” ပြည်ခိုင် ဖြိုးပါတီမှအာမခံကြောင်း၊ ပါတီ ၏တာဝန်ပေးချက်အရ၊ ကျွန်တော် ကိုယ်တိုင်ဆန္ဒအရ၊ ကိုယ်စားလှယ် လောင်းအဖြစ် ရွေးချယ်ခံခဲ့ပြီး ပြည်သူက တာဝန်ပေးမှု၊ဆုံးဖြတ်မှု ကို ကျေနပ်စွာ လက်ခံကြောင်း၊ ယနှေ့သခငSocial Media လို့ခေါ်သည့် Facebook များတွင်သုံးစွဲနေသည့် ဝေါဟာရနှင့်ပြောရရင် ကမ္ဘာကြီး နှစ်ခြမ်းကွဲနေရင်တောင် ကျွန်တော် ကတော့ ကော့မှူးဆိုသည့် မြို့ ဘက်အခြမ်းမှာနေပါမည်။ပြည်သူက ဘယ်လိုဆုံးဖြတ်ပါစေ ကျွန်တော့် အနေဖြင့် ကျေနပ်စွာ လက်ခံသွား မည်ဖြစ်ကြောင်းပြောကြားခဲ့သည်။
အဆိုပါဟောပြောပွဲသို့ ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တောင်ပိုင်းခရိုင်ပါတီဥက္ကဋ္ဌဦးလွင်ဦး၊ အတွင်းရေးမှူးဦးအောင်ကျော်မင်း၊ ဘဏ္ဍာရေးမှူးဒေါ်မိုးမိုးအိ၊ ခရိုင် ကော်မတီဝင်ဦးဆန်းဝင်း၊ ကော့မှူး မြို့နယ် ပြည်ခိုင်ဖြိုးပါတီ နာယက များဖြစ်ကြသော ဦးဝင်းထိန်၊ဦးမြင့် ကြိုင်၊ ကော့မှူးမြို့နယ် မြို့နယ် ပါတီကော်မတီများ၊ ပုပ္ပားကျေးရွာ ပါတီခေါင်းဆောင် ဦးအောင်ဇော် မင်းနှင့် ကျေးရွာရှိပါတီဝင်များ၊ ကျေးရွာသူကျေးရွာသားများ၊ဝန်းရံ အင်အားအဖြစ်ဧရာဝတီတိုင်းဒေသ ကြီး ဖျာပုံခရိုင် လူငယ်တာဝန်ခံ ဦးထွန်းထွန်းဝင်း ဦးဆောင်သော ၂၅ဦးအဖွဲ့ စသည့်စုပေါင်း၁၅ဝခန့် တက်ရောက်ပြီး နံနက် ၁ဝနာရီ ၄၅မိနစ်တွင် ဟောပြောပွဲ ပြီးဆုံး ခဲ့သည်။ ဆက်လက်၍ မှော်တော ကျေးရွာနှင့် ဝါးသင်္ခကျေးရွာများ သို့ သွားရောက်ဟောပြောပွဲပြုလုပ် ပြီး Sticker Campaign များ ပြုလုပ်မည်ဖြစ်ကြောင်းသိရသည်။

မြတ်ဟိန်းကျော်(ကော့မှူး)