ရန်ကုန်တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုး တိုင်း/ခရိုင်/မြို့နယ်ပါတီဥက္ကဋ္ဌ အတွင်းရေးမှူးများနှင့် တွေ့ဆုံ၍ ပါတီအောင်နိုင်ရေးဆွေးနွေး

ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်မောင်စိုးနှင့် တိုင်းဒေသကြီး ပါတီကော်မတီဝင်များ၊ ခရိုင်နှင့် မြို့နယ်ပါတီဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် ဘဏ္ဍာရေးမှူးများ တွေ့ဆုံပွဲကို နိုဝင်ဘာ (၂၉) ရက် နံနက် (၁ဝ) နာရီ (၄၅) မိနစ်က ရန်ကုန် တိုင်းဒေသကြီးပါတီရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ တိုင်းပါတီနာယက ဦးနန္ဒကျော်စွာ၊ ဦးစိန်တင်ဝင်း၊ တိုင်းပါတီကော်မတီ အတွင်းရေးမှူး ဦးသာဝင်းနှင့် တိုင်း၊ ခရိုင်၊ မြို့နယ် ပါတီ ကော်မတီဝင်များ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုးက ပါတီမှချမှတ်ထားသည့် ပါတီ၏ မူဝါဒနှင့် ရည်မှန်းချက်များကို ပါတီဝင်များ ပါတီအောက်ခြေအထိ သိရှိနားလည်အောင် ဆောင်ရွက်ရန်နှင့် ပါတီဝင်များ စည်းရုံးရေးလုပ်ငန်း ဆောင်ရွက်ရန်ကိစ္စများကို ထည့် ၏သွင်း ဆွေးနွေးသည်။

ထို့နောက် တိုင်းဒေသကြီးပါတီနာယက ဦးစိန်တင်ဝင်းက ရွေးကောက်ပွဲလုပ်ငန်းဆိုင်ရာများ ကို သုံးသပ်ဆွေးနွေးပြီး တိုင်းဒေသကြီးပါတီအတွင်းရေးမှူး ဦးသာဝင်းက ကြားဖြတ် ရွေးကောက်ပွဲအောင်နိုင်ရေး ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို တင်ပြသည်။

ထို့နောက် တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုးက လိုအပ်ချက်များ ဖြည့်စွက်ဆွေးနွေး ပြီးနောက် ခရိုင်ပါတီကော်မတီဥက္ကဋ္ဌများနှင့် မြို့နယ်များမှ အောင်နိုင်ရေး လုပ်ငန်းဆောင်ရွက် ထားရှိမှုများကို တင်ပြခဲ့ကြကြောင်း သိရသည်။

ထိန်ဝင်း(ကြည့်မြင်တိုင်)


Leave a Reply