အစာ စားပြီးပြီးချင်း မပြုလုပ်သင့်သည့် အန္တရာယ်ရှိ အပြုအမူများ

အစာစားသောက်ခြင်းဆိုတာ ကျွန်ုပ်တို့ရဲ့ ခန္ဓာကိုယ်ကို အဟာရဓါတ်ဖြည့်ပေးနိုင်တဲ့ တစ်ခုတည်သော နည်းလမ်း ဖြစ်တာကြောင့် ဂရုစိုက်ပေးဖို့လိုပါတယ်။ အစားကောင်းတွေ၊ အဟာရပြည့်ဝတဲ့ အစားတွေ နေ့စဉ်နဲ့အမျှ စားနေ ပေမယ့် တချို့သော အပြုအမူအမှားတွေကြောင့် ခန္ဓာကိုယ်အတွက် ကောင်းကောင်း အကျိုးမဖြစ်ထွန်းတာမျိုး ဖြစ်တတ်ပါတယ်။ ဒါကြောင့် အစာစားပြီးနောက်ပိုင်းမှာ ရှောင်ကျဉ်သင့်တဲ့ အပြုအမူ (၇)ချက်ကို ဖော်ပြပေးချင် ပါတယ်။

new-picture-2

ဆေးလိပ်မသောက်ပါနဲ့။ လေ့လာတွေ့ရှိချက်တွေအရ အစာစားပြီးပြီးချင်း ဆေးလိပ်သောက်ခြင်းဟာ သာမန်အချိန်မှာ သောက်တဲ့ ဆေးလိပ်(၁၀)လိပ်ကြောင့် ကင်ဆာဖြစ်စေနိုင်တဲ့ အခွင့်အလမ်းမျိုးနဲ့ ညီမျှတယ်လို့ဆိုပါတယ်။

အသီးတွေကို အစာစားပြီးနောက် ချက်ချင်းမစားပါနဲ့။    ဒါဟာ အစာအိမ်ကို လေတွေနဲ့ ဖေါယောင်နေစေပြီး လေပွ၊ လေ ထိုးဖြစ်တတ်ပါတယ်။ ဒါကြောင့် အစာစားပြီး (၁)နာရီ (၂)နာရီအကြာ (ဒါမှမဟုတ်) အစာမစားခင် ၁ နာရီအလို လောက်မှာ စားပေးပါ။

လက်ဖက်ရည်ကြမ်းမသောက်ပါနဲ့။   ဘာကြောင့်လဲဆိုတော့ လက်ဖက်ရွက်မှာ အက်ဆစ်ဓါတ် ပါဝင်မှုမြင့်မားပါတယ်။ ဒါဟာ ကျွန်ုပ်တို့ရဲ့ အစားအသောက်မှာပါတဲ့ ပရိုတန်းဓါတ်ကို စုပ်ယူလိုက်တာကြောင့် အစာခြေရန် ခက်ခဲပါတယ်။

ခါးပတ်ကို မလျော့ပစ်ပါနဲ့ ။ အစာစားပြီးပြီးချင်း ခါးပတ်ကို လျော့ပစ်တာဟာ အတွင်းမှာရှိတဲ့ အူတွေကို လိမ်ပိန် သွားစေပြီး အစာလမ်းကြောင်း ပိတ်ဆို့စေပါတယ်။

ရေမချိုးပါနဲ့။ အစာစားပြီးပြီး ရေချိုးခြင်းကြောင့် လက်ဖျား၊ ခြေဖျားနဲ့ ခန္ဓာကိုယ် သွေးလှည့်ပတ်မှုနှုန်းကို မြင့်တက် သွားစေပါတယ်။ ဒီအခါမှာ အစာအိမ်နားတ၀ိုက်မှာရှိတဲ့ သွေးလှည့်ပတ်မှုနှုန်းဟာ လျော့ကျသွားတဲ့အတွက် ကျွန်ုပ်တို့ရဲ့ အစာချေမှုစနစ်ကို နှေးကွေးသွားစေပါတယ်။

လမ်းမလျှောက်ပါနဲ့။   လူတွေအမြဲတမ်း ပြောကြတာက “ထမင်းစားပြီး ခြေလှမ်းတစ်ရာ လမ်းလျှောက်ခြင်းက အသက် (၉၉)နှစ်အထိ ရှည်စေနိုင်တယ်” ဆိုပြီးတော့ပေါ့။ တကယ်တမ်းမှာ ဒါဟာမမှန်ပါဘူး။ လမ်းလျှောက် ခြင်းကြောင့် အစားအစာတွေဆီက ကျွန်ုပ်တို့ ရယူရမယ့် အာဟာရဓါတ်တွေကို အစာခြေမှုစနစ်က မစုပ်ယူပေး နိုင်တော့ပါဘူး။

ချက်ချင်းမအိပ်ပါနဲ့။ အိပ်လိုက်ခြင်းကြောင့် ကျွန်ုပ်တို့စားသုံးလိုက်တဲ့ အစားအစာတွေဟာ ကောင်းမွန်မှန်ကန်စွာ အစာမချေနိုင်တော့ပါဘူး။ ဒါဟာ အစာအိမ်နာရောဂါနဲ့ အတွင်းပိုင်း ပိုးမွှားဝင်ရောက်မှုတွေဆီကို ဦးဆောင်နေ ပါတယ်။ ဒါကြောင့် ကျွန်ုပ်တို့ သတိမထားမိတဲ့ (ဒါမှမဟုတ်) လွဲမှားစွာ ယူဆထားတဲ့ အပြုအမူတွေကို ဆင်ခြင်နိုင် စေဖို့ တင်ပြလိုက်ရပါတယ်။  # Trend Myanmar


Leave a Reply