ကျောက်ဆည်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ၂၀၁၈ – နိုင်ငံရေးစီမံခန့်ခွဲမှု ( ဆင့်ပွား ) သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ

 

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ၂၀၁၈ – နိုင်ငံရေးစီမံခန့်ခွဲမှု ( ဆင့်ပွား ) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ခရိုင်ပြည်ခိုင်ဖြိုး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရပါသည်။
အဆီုပါ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီကော်မတီဝင် ဦးသန်းထွန်း၊ကျောက်ဆည်ခရိုင်ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးအောင်မြင့်သန်း၊မြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးစီုးစီုးထွန်း၊အတွင်းရေးမှုး ဦးဆွေဦးနှင့်ကော်မတီဝင်များ၊ရပ်ကျေး( ၉၆ ) ခုမှ သင်တန်းသား/သူ ( ၁၀၃ ) ဦးတက်ရောက်ကြပါသည်။
အခမ်းအနားကိုနိုင်ငံတော်သီချင်းသီဆီုဖွင့်လှစ်ပြီး ရှေးဦးစွာ မန္တလေးတိုင်း ဒေသကြီး ပြည်ခိုင်ဖြိုးပါတီကော်မတီဝင် ဦးသန်းထွန်းမှ အဖွင့်အမှာစကားပြောကြားသည်။
ထိုနောက် မြို့နယ်ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူး ဦးဆွေဦးမှ သင်တန်းနှင့်ပါတ်သက်သည့်စည်းကမ်းချက်များအား ရှင်းလင်းဖတ်ကြားသည်၊ ဆက်လက်၍ နံနက် ၉ နာရီခွဲတွင် မြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးစိုးစိုးထွန်းမှ ပါတီဖွဲ့စည်းပုံအခြေခံစည်းမျဉ်း ဘာသာရပ်အား စတင်ပို့ချကာ သင်တန်းကာလမှာ ( ၂ ) ရက် ကြာမြင့်မည်ဖြစ်ကြောင်းသိရသည်။