ရန်ကုန်တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ လှိုင်သာယာမြို့နယ်ပါတီဝင်များနှင့်တွေ့ဆုံ

ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုး နှင့် ရန်ကုန်တိုင်းဒေသကြီး ပါတီအတွင်းရေးမှူး ဦးသာဝင်း၊ ခရိုင်ပါတီကော်မတီဝင်များသည် မြောက်ပိုင်းခရိုင် လှိုင်သာယာမြို့နယ်ပါတီဝင် များနှင့် တွေ့ဆုံရာတွင် ပါတီဝင်များသည် လုပ်ငန်းတာဝန်များကို စိတ်ဓာတ်မြင့်မြင့်နှင့် လုပ်ဆောင်နေကြကြောင်း၊ ပါတီဝင်တိုင်း လမ်းခင်း၊ သန့်ရှင်းရေး၊ မြောင်းဖော်ခဲ့သူများဖြစ်ကြောင်း အဖွင့်အမှာစကားပြော ကြားသည်။

ygn2ygn1

၎င်းနောက် လှိုင်သာယာမြို့နယ် ပြည်ခိုင်ဖြိုးပါတီကို ပြန်လည်ပြင်ဆင်ဖွဲ့ထားခြင်းနှင့် မြို့နယ်အခြေအနေ အရပ်ရပ် ကိုတင်ပြကြရာ ရန်ကုန်တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုးက တင်ပြချက်များအပေါ် ပြန်လည် ရှင်းလင်း လမ်းညွှန်မှာကြား သည်။

တွေ့ဆုံပွဲသို့ ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင်ပါတီဥက္ကဋ္ဌနှင့် ခရိုင်ပါတီကော်မတီဝင်များ၊ မြို့နယ်ပါတီ ဥက္ကဋ္ဌနှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ လှိုင်သာယာမြို့နယ်အတွင်းရှိ ရပ်/ကျေး ၂၉ အုပ်စုမှ ဥက္ကဋ္ဌများ၊ ပါတီဝင် များ အင်အား ၁၇၃ ဦးတို့ တက်ရောက်ကြောင်းသိရသည်။


Leave a Reply