စဥ့်ကိုင်ပြည်ခိုင်ဖြိုးပါတီ လေးမျက်နှာဘုရားဌာပနာသွင်း မင်္ဂလာတော် အခမ်းအနား တက်ရောက်ပူဇော်

 

စက်တင်ဘာ ၂

စဥ့်ကိုင် ပြည်ခိုင်ဖြိုးပါတီမှ အရေးမဆိုရွာ လေးမျက်နှာဘုရား ဌာပနာသွင်း မင်္ဂလာတော် အခမ်းအနားကို ယမန်နေ့နံနက် ၆ နာရီခွဲ မှစ၍ဆွမ်းကပ်ခြင်း၊ တရားနာခြင်း၊ ဌာပနာများအား လက်ယာရစ် လှည့်လည်ပူဇော်ခြင်း၊ဌာပနာသွင်း မင်္ဂလာများကုသိုလ်ပြုခဲ့ရာ ခရိုင်ပါတီကော်မတီဝင် ဒေါ်ခင်နွယ်မြင့်၊ ဥက္ကဋ္ဌဦးကြည်ပြုံးနှင့် ကော်မတီဝင်များ၊ ရပ်ကျေးအဖွဲ့များ၊ ဘုရား ဒကာ ဘုရားဒကာမများစုပေါင်း ကုသိုလ်ယူကာ နံနက် ၈ နာရီတွင် အောင်မြင်စွာဖြင့် ဌာပနာများအား လှူဒါန်းပူဇော်ခဲ့သည်။
ဆက်လက်ပြီး ခရိုင်အရန် ပါတီကော်မတီဝင် ဦးညီညီ လှူ ဒါန်းသော ဘိလပ်မြေ ၁ဝ အိတ်အား ကော်မတီထံလှူဒါန်းခဲ့သည်။