ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပမည့် မဲဆန္ဒနယ်များ ထုတ်ပြန်

လစ်လပ်မဲဆန္ဒနယ် ၁၈ နယ်အတွက် ကြားဖြတ် ရွေးကောက်ပွဲကို ၂၀၁၇ ခုနှစ် ဧပြီလ ၁ ရက်တွင် ကျင်းပပြုလုပ် မည်ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က အောက်တိုဘာလ (၁၁) ရက် ညတွင် နိုင်ငံပိုင် မီဒီယာများမှတစ်ဆင့် ကြေညာလိုက်သည်။

ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ၉ ခု  အမျိုးသားလွှတ်တော် မဲဆန္ဒနယ် ၃ ခုနှင့် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် ၆ ခုတို့တွင် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမည်ဖြစ်ရာ ပြည်သူလွှတ်တော် မဲဆန္ဒနယ် ၉ နယ်တွင် ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပမည်ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ပြည်သူ့လွှတ်တော် လစ်လပ်မဲဆန္ဒနယ်များအနက် ရန်ကုန်တိုင်းဒေသကြီးမှ ကော့မှူး၊ လှိုင်သာယာ၊ ဒဂုံမြို့သစ် အရှေ့နှင့် ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ် ၄ မြို့နယ် ပါဝင်မည်ဖြစ်ပြီး အမျိုးသားလွှတ်တော် လစ်လပ်မဲဆန္ဒနယ် ၃ နယ်တွင် ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် ၆ (ကမာရွတ်၊ ကြည့်မြင်တိုင်၊ အလုံ၊ ဆိပ်ကမ်း၊ လသာ၊ လမ်းမတော်၊ လှိုင်မြို့နယ်) တို့ ပါဝင်မည်ဖြစ်သည်။

ကြားဖြတ်ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီတို့ ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း ပါတီပြောရေးဆိုခွင့်ရှိသူများက ပြောကြားထားကြသည်။

# The Voice


Leave a Reply